Local News

KNU တပ်မဟာ ၅ နယ်မြေတွင် ဒီဇင်ဘာလ ၁၅ ရက်အတွင်း စစ်ကောင်စီတပ်နှင့် KNLA ကြားတိုက်ပွဲ ၁၁၁ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီမှ ၅၄ ဦးသေဆုံး၊ ၃၉ ဦး ဒဏ်ရာရ

KNU တပ်မဟာ ၅ နယ်မြေတွင် ဒီဇင်ဘာလ ၁၅ ရက်အတွင်း စစ်ကောင်စီတပ်နှင့် KNLA ကြားတိုက်ပွဲ ၁၁၁ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီမှ ၅၄ ဦးသေဆုံး၊ ၃၉ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ဖာပွန် (မူတြော်)ခရိုင်တွင်လည်း အကြမ်းဖက်စစ်ကောင်စီ၊ ၎င်းတို့၏ ခါးပိုက်ဆောင် BGF တပ်နှင့် KNLA တပ်မဟာ ၅ တပ်ဖွဲ့များကြား

ဒီဇင်ဘာလ ၁ ရက်မှ ၁၅ ရက်အတွင်း တိုက်ပွဲ ၁၁၁ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၅၄ ဦးသေဆုံးကာ ၃၉ ဦး ဒဏ်ရာရကြောင်း မူတြော်သတင်းစဉ်က အတည်ပြု ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများအတွင်း KNLA တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

ဖာပွန်-ကမမောင်းလမ်းပေါ် ၂၁ မိုင်နှင့် ခွေးသေအကြား အခြေစိုက်သည့် စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်များသည်

ဒေသခံပြည်သူများ၏ နေအိမ်ယာခင်းများအတွင်းသို့ လက်နက်ကြီးဖြင့် ၁၀၈ ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

ဓါတ်ပုံ – KNLA တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်သည်)

Zawgyi

KNU တပ္မဟာ ၅ နယ္ေျမတြင္ ဒီဇင္ဘာလ ၁၅ ရက္အတြင္း စစ္ေကာင္စီတပ္ႏွင့္ KNLA ၾကားတိုက္ပြဲ ၁၁၁ ႀကိမ္ျဖစ္ပြားၿပီး စစ္ေကာင္စီမွ ၅၄ ဦးေသဆုံး၊ ၃၉ ဦး ဒဏ္ရာရ

ရန္ကုန္၊ ဒီဇင္ဘာ ၁၇

ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ ၅ ဖာပြန္ (မူေၾတာ္)ခ႐ိုင္တြင္လည္း အၾကမ္းဖက္စစ္ေကာင္စီ၊ ၎တို႔၏ ခါးပိုက္ေဆာင္ BGF တပ္ႏွင့္ KNLA တပ္မဟာ ၅ တပ္ဖြဲ႕မ်ားၾကား

ဒီဇင္ဘာလ ၁ ရက္မွ ၁၅ ရက္အတြင္း တိုက္ပြဲ ၁၁၁ ႀကိမ္ျဖစ္ပြားၿပီး စစ္ေကာင္စီ တပ္သား ၅၄ ဦးေသဆုံးကာ ၃၉ ဦး ဒဏ္ရာရေၾကာင္း မူေၾတာ္သတင္းစဥ္က အတည္ျပဳ ထုတ္ျပန္သည္။

အဆိုပါ တိုက္ပြဲမ်ားအတြင္း KNLA တပ္ဖြဲ႕ဝင္ ၁ ဦး က်ဆုံးၿပီး ၆ ဦး ဒဏ္ရာရခဲ့ေၾကာင္း သိ႐ွိရသည္။

ဖာပြန္-ကမေမာင္းလမ္းေပၚ ၂၁ မိုင္ႏွင့္ ေခြးေသအၾကား အေျခစိုက္သည့္ စစ္ေကာင္စီတပ္ႏွင့္ ကရင္နယ္ျခားေစာင့္တပ္ BGF တပ္ဖြဲ႕ဝင္မ်ားသည္

ေဒသခံျပည္သူမ်ား၏ ေနအိမ္ယာခင္းမ်ားအတြင္းသို႔ လက္နက္ႀကီးျဖင့္ ၁၀၈ ႀကိမ္ခန္႔ ပစ္ခတ္ခဲ့ေၾကာင္း မူေၾတာ္သတင္းစဥ္က ထုတ္ျပန္သည္။

ဓါတ္ပုံ – KNLA တပ္ဖြဲ႕ဝင္မ်ား (ပုံအေဟာင္းျဖစ္သည္)

Recent Comments

No comments to show.