Local News

KNU နှင့်အတူ PDF များ စတင်ပူးပေါင်း၍ စစ်တပ်ကို တိုက်ပွဲဝင်နေပြီဟု တရား ဝင် သတင်းထုတ်ပြန်၊ စစ်တပ်ဘက်မှ ၆ ဦးသေဆုံး

KNU နှင့်အတူ PDF များ စတင်ပူးပေါင်း၍ စစ်တပ်ကို တိုက်ပွဲဝင်နေပြီဟု တရား ဝင် သတင်းထုတ်ပြန်၊ စစ်တပ်ဘက်မှ ၆ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၈

ကရင်ပြည်နယ်တွင် KNU ကရင်အမျိုးသားအစည်းအရုံးနှင့်အတူ PDF များ ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကို တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း KNU ဗဟိုက တရားဝင် ယနေ့ သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၆ ရက်နေ့တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖြစ်သည့် ခမရ – ၄၀၇ ၏ စစ်ကြောင်းတစ်ကြောင်းသည် မထောကျေးရွာသို့ စတင်ထွက်ခွာလာရာ မြေနီကုန်းနှင့်ထီးဂေလိုကြားအရောက်တွင် KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်

အမှတ် (၅) တပ်မဟာ လက်အောက်ရှိတပ်သားများမှ ဆွဲမိုင်းဖြင့်ကြားဖြတ်တိုက်ခိုက်ရာ အာဏာသိမ်း စစ်ကောင်စီ၏ တပ်ဘက်မှ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း၊ ထိုနေ့တစ်ရက်တည်းမှာပင် KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့်

PDF များပူးပေါင်းကာ ညနေ ၂ နာရီ ၃၀ မိနစ်အချိန်ခန့် အဆိုပါ အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကြောင်းကိုပင် ပြောက်ကျားနည်းဖြင့် ဝင်ရောက်ပစ်ခတ်ရာ

အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဘက်မှ ၄ ဦးသေဆုံး၍ ၆ ဦးဒဏ်ရာရရှိသွားကြောင်းနှင့် KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ ၃ ဦး ဒဏ်ရာရရှိသွားကြောင်း KNU ဗဟိုဘက်က ထုတ်ပြန်ထားသော သတင်းအရ သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဖလပ်ခိုဒေသအတွင်း နယ်မြေလုံခြုံရေးယူနေသည့် KNLA ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်သည် အာဏာသိမ်းစစ်ကောင်စီတပ်၏ အတည်မပြုနိုင်သည့် တပ်ရင်းနှင့် ဖလပ်ခို-ကူဒေးဒေသတွင်တစ်ကြိမ်၊

ဝါကလေတူဒေသတွင်တစ်ကြိမ် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကောင်စီ၏တပ်ဘက်မှ ထိခိုက်သေဆုံးမှုကိုအတိအကျမသိရှိရသော်ငြားလည်း တိုက်ပွဲအပြီး နယ်မြေရှင်းလင်းစဥ် အာဏာသိမ်းစစ်ကောင်စီတပ်၏ အလောင်းတစ်လောင်း ကျန်ရှိသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၁၉ ခုနှစ် စစ်ရေးပြ အခမ်းအနားမှ KNU တပ်ဖွဲ့ဝင်များ။
Photo – AFP/Karen National Union

Zawgyi

KNU ႏွင့္အတူ PDF မ်ား စတင္ပူးေပါင္း၍ စစ္တပ္ကို တိုက္ပြဲဝင္ေနၿပီဟု တရား ဝင္ သတင္းထုတ္ျပန္၊ စစ္တပ္ဘက္မွ ၆ ဦးေသဆုံး

ရန္ကုန္၊ ဒီဇင္ဘာ ၈

ကရင္ျပည္နယ္တြင္ KNU ကရင္အမ်ိဳးသားအစည္းအ႐ုံးႏွင့္အတူ PDF မ်ား ပူးေပါင္းၿပီး အၾကမ္းဖက္စစ္တပ္ကို တိုက္ပြဲဝင္ေနၿပီျဖစ္ေၾကာင္း KNU ဗဟိုက တရားဝင္ ယေန႔ သတင္းထုတ္ျပန္သည္။

ဒီဇင္ဘာလ ၆ ရက္ေန႔တြင္ အာဏာသိမ္းစစ္ေကာင္စီ၏ တပ္ျဖစ္သည့္ ခမရ – ၄၀၇ ၏ စစ္ေၾကာင္းတစ္ေၾကာင္းသည္ မေထာေက်း႐ြာသို႔ စတင္ထြက္ခြာလာရာ ေျမနီကုန္းႏွင့္ထီးေဂလိုၾကားအေရာက္တြင္ KNLA ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္

အမွတ္ (၅) တပ္မဟာ လက္ေအာက္႐ွိတပ္သားမ်ားမွ ဆြဲမိုင္းျဖင့္ၾကားျဖတ္တိုက္ခိုက္ရာ အာဏာသိမ္း စစ္ေကာင္စီ၏ တပ္ဘက္မွ တစ္ဦးေသဆုံးၿပီး တစ္ဦးဒဏ္ရာရ႐ွိေၾကာင္း၊ ထိုေန႔တစ္ရက္တည္းမွာပင္ KNLA ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ ႏွင့္

PDF မ်ားပူးေပါင္းကာ ညေန ၂ နာရီ ၃၀ မိနစ္အခ်ိန္ခန္႔ အဆိုပါ အာဏာသိမ္းစစ္ေကာင္စီ၏ စစ္ေၾကာင္းကိုပင္ ေျပာက္က်ားနည္းျဖင့္ ဝင္ေရာက္ပစ္ခတ္ရာ

အာဏာသိမ္းစစ္ေကာင္စီ၏ တပ္ဘက္မွ ၄ ဦးေသဆုံး၍ ၆ ဦးဒဏ္ရာရ႐ွိသြားေၾကာင္းႏွင့္ KNLA ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ဘက္မွ ၃ ဦး ဒဏ္ရာရ႐ွိသြားေၾကာင္း KNU ဗဟိုဘက္က ထုတ္ျပန္ထားေသာ သတင္းအရ သိ႐ွိရသည္။

အလားတူ ဒီဇင္ဘာလ ၆ ရက္ေန႔တြင္ ဖလပ္ခိုေဒသအတြင္း နယ္ေျမလုံျခဳံေရးယူေနသည့္ KNLA ကရင္အမ်ိဳး သားလြတ္ေျမာက္ေရးတပ္မေတာ္သည္ အာဏာသိမ္းစစ္ေကာင္စီတပ္၏ အတည္မျပဳႏိုင္သည့္ တပ္ရင္းႏွင့္ ဖလပ္ခို-ကူေဒးေဒသတြင္တစ္ႀကိမ္၊

ဝါကေလတူေဒသတြင္တစ္ႀကိမ္ ရင္ဆိုင္တိုက္ပြဲျဖစ္ပြားခဲ့ရာ တိုက္ပြဲႏွစ္ႀကိမ္အတြင္း စစ္ေကာင္စီ၏တပ္ဘက္မွ ထိခိုက္ေသဆုံးမႈကိုအတိအက်မသိ႐ွိရေသာ္ျငားလည္း တိုက္ပြဲအၿပီး နယ္ေျမ႐ွင္းလင္းစဥ္ အာဏာသိမ္းစစ္ေကာင္စီတပ္၏ အေလာင္းတစ္ေလာင္း က်န္႐ွိသြားေၾကာင္း သိ႐ွိရသည္။

ဓာတ္ပုံ- ၂၀၁၉ ခုႏွစ္ စစ္ေရးျပ အခမ္းအနားမွ KNU တပ္ဖြဲ႕ဝင္မ်ား။
Photo – AFP/Karen National Union

About the author

admin

Add Comment

Click here to post a comment