Local News

KNU ၏ ဖမ်းဆီးခြင်းခံလိုက်ရသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို ပြန်လွှတ် ပေးရန် စစ်တပ်က တောင်းဆို

KNU ၏ ဖမ်းဆီးခြင်းခံလိုက်ရသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို ပြန်လွှတ် ပေးရန် စစ်တပ်က တောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ ၊ လေးကေ့‌ကော်ဒေသတွင် ယမန် နေ့က ဖမ်းဆီးခံလိုက်ရသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို ပြန်လွှတ်ပေးရန် စစ်တပ်ဘက်က ယမန်နေ့ညနေပိုင်းတွင်တောင်းဆိုလာကြောင်း PDF စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်များထံမှ သိရှိရသည်။

“စစ်တပ်ဘက်က ပြောတာကတော့ ရိက္ခာသွားပို့တဲ့ စစ်သားတွေ။ တိုက်ပွဲဝင် နေတဲ့သူမဟုတ်ဘူးပေါ့။ ဒါပေမယ့် သူတို့လာတာက ရိက္ခာတင်တဲ့ကားနဲ့လာတာမဟုတ်ဘူး။ အိမ်စီးကားနဲ့ အရပ်သား အယောင်ဆောင်ပြီး လာတာ။

လမ်းမှားသွားရင်း သူတို့ အဖမ်းခံရတာ။ ကားထဲမှာလည်း လက်နက် အပြည့် အစုံနဲ့ အပြင် သူတို့အားလုံးမှာလည်း ကျည်ကာ အပြည့်အစုံ ရှေ့တန်းထွက်ဝတ်စုံနဲ့မိတာပါ။ ရိက္ခာလာပို့တဲ့သူဆိုတာ လုံး၀ မဟုတ်ဘူး” ဟု PDF သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီဘက်က ဖမ်းဆီးထားသော စစ်သား ၇ ဦးကို ပြန်လွှတ်ပေးရန် KNU ဗဟိုထံသို့ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားများလက် နက်ကိုင်များအစုအဖွဲ့ မှတစ်ဆင့် တောင်းဆို လာကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးနှင့် BGF ၂ ဦးကို KNU က ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို ကောင်းမွန်စွာ ထားရှိထားကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။

Zawgyi

KNU ၏ ဖမ္းဆီးျခင္းခံလိုက္ရေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၇ ဦးကို ျပန္လႊတ္ ေပးရန္ စစ္တပ္က ေတာင္းဆို

ရန္ကုန္၊ ဒီဇင္ဘာ ၃၁

ကရင္ျပည္နယ္၊ KNU တပ္မဟာ ၆ နယ္ေျမ ၊ ေလးေက့‌ေကာ္ေဒသတြင္ ယမန္ ေန႔က ဖမ္းဆီးခံလိုက္ရေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၇ ဦးကို ျပန္လႊတ္ေပးရန္ စစ္တပ္ဘက္က ယမန္ေန႔ညေနပိုင္းတြင္ေတာင္းဆိုလာေၾကာင္း PDF စစ္ဘက္ဆိုင္ရာ သတင္းရပ္ကြက္မ်ားထံမွ သိ႐ွိရသည္။

“စစ္တပ္ဘက္က ေျပာတာကေတာ့ ရိကၡာသြားပို႔တဲ့ စစ္သားေတြ။ တိုက္ပြဲဝင္ ေနတဲ့သူမဟုတ္ဘူးေပါ့။ ဒါေပမယ့္ သူတို႔လာတာက ရိကၡာတင္တဲ့ကားနဲ႔လာတာမဟုတ္ဘူး။ အိမ္စီးကားနဲ႔ အရပ္သား အေယာင္ေဆာင္ၿပီး လာတာ။

လမ္းမွားသြားရင္း သူတို႔ အဖမ္းခံရတာ။ ကားထဲမွာလည္း လက္နက္ အျပည့္ အစုံနဲ႔ အျပင္ သူတို႔အားလုံးမွာလည္း က်ည္ကာ အျပည့္အစုံ ေ႐ွ႕တန္းထြက္ဝတ္စုံနဲ႔မိတာပါ။ ရိကၡာလာပို႔တဲ့သူဆိုတာ လုံး၀ မဟုတ္ဘူး” ဟု PDF သတင္းရင္းျမစ္က ေျပာသည္။

စစ္ေကာင္စီဘက္က ဖမ္းဆီးထားေသာ စစ္သား ၇ ဦးကို ျပန္လႊတ္ေပးရန္ KNU ဗဟိုထံသို႔ NCA လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသားမ်ားလက္ နက္ကိုင္မ်ားအစုအဖြဲ႕ မွတစ္ဆင့္ ေတာင္းဆို လာေၾကာင္း သိ႐ွိရသည္။

ဒီဇင္ဘာလ ၁၆ ရက္ေန႔ကလည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၆ ဦးႏွင့္ BGF ၂ ဦးကို KNU က ဖမ္းဆီးခဲ့ၿပီး ၎တို႔ကို ေကာင္းမြန္စြာ ထား႐ွိထားေၾကာင္း KNU က တရားဝင္ သတင္းထုတ္ျပန္သည္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.