Local News

MNDAA စခန်းကို ကုန်းကြောင်း၊ လေကြောင်းဖြင့် ထိုးစစ်ဆင်သော်လည်း စစ်တပ်ဘက်မှ ၇၀ ကျော် သေဆုံးပြီး ဆုတ်ခွာထွက်ပြေး၊ လက်နက်အများအပြား သိမ်းဆည်းရမိ

MNDAA စခန်းကို ကုန်းကြောင်း၊ လေကြောင်းဖြင့် ထိုးစစ်ဆင်သော်လည်း စစ်တပ်ဘက်မှ ၇၀ ကျော် သေဆုံးပြီး ဆုတ်ခွာထွက်ပြေး၊ လက်နက်အများအပြား သိမ်းဆည်းရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်၊ မုံးကိုးတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA(ကိုးကန့်) မန်ရန်တပ်စခန်းကို ကုန်းကြောင်း၊

လေကြောင်းတို့ဖြင့် အင်အားအပြည့်သုံး၍ ထိုးစစ်ဆင်သော် လည်း စစ်တပ်ဘက်မှ ၇၀ ကျော်သေဆုံးပြီး ဆုတ်ခွာသွားကြောင်း The Kokang က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့နှင့်ဒီဇင်ဘာလ ၁၇ ရက်နေ့တို့တွင် စစ်ကောင်စီတပ်များသည် MNDAA ၏ မန်ရန် တပ်စခန်းကို တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်နေ့တွင်

တိုက်လေယာဉ်များ အပါအဝင် စစ်ကြောင်း ၃ ခုဖြင့် တို်ကခိုက်ခဲ့ကြောင်း၊ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်သည့်အပြင် ကုန်း ကြောင်းမှလည်း မြေပြင်အင်အား များစွာဖြင့် တိုက်ခိုက်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် (၆) နာရီတွင် စစ်ကောင်စီတပ်က တိုက်ပွဲစတင်ပြီး လက်နက်ကြီး ပစ်ခတ်မှု အကြိမ်ရေ ၆၀၀ ကျော် တစ်နာရီအတွင်း လုပ် ဆောင်ခဲ့ကြောင်း၊

ယင်းနောက် ခြေလျှင်တပ်ကို စတင်အသုံးပြု တိုက်ခိုက်ကြောင်း၊ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မြန်မာစစ်တပ်မှ သံချပ်ကာယာဉ်များ အပါအဝင် အမြှောက်မျိုးစုံ အသုံးပြု၍ အကြိမ်ရေ ၁၅၀၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတ်များက အင်အား ၅၀၀ ကျော်ပါသော စစ်တပ်စစ်ကြောင်းကို ခုခံ ချေမှုန်းတိုက်ခိုက်ခဲ့ရာ မြန်မာစစ်တပ်ဘက်မှ ၇၀ ကျော်သေဆုံးကြောင်း၊ တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏လက်နက်နှင့်စစ်သုံးပစ္စည်း အများအပြား၊ MG-3နှင့်လက် နက်ကြီးများ သိမ်းဆည်းရမိကြောင်း The Kokang က သတင်းဖော်ပြသည်။

လာမည့် ရက်ပိုင်းအတွင်း စစ်တပ်က ထပ်မံထိုးစစ်ဆင်လာမည်ဖြစ်သဖြင့် တိုက် ပွဲများပြင်းထန်လာမည်ဖြစ်ကြောင်း MNDAA က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ကိုးကန့်တပ်မတော်MNDAA

Zawgyi

MNDAA စခန္းကို ကုန္းေၾကာင္း၊ ေလေၾကာင္းျဖင့္ ထိုးစစ္ဆင္ေသာ္လည္း စစ္တပ္ဘက္မွ ၇၀ ေက်ာ္ ေသဆုံးၿပီး ဆုတ္ခြာထြက္ေျပး၊ လက္နက္အမ်ားအျပား သိမ္းဆည္းရမိ

ရန္ကုန္၊ ဒီဇင္ဘာ ၂၀

႐ွမ္းျပည္နယ္၊ မုံးကိုးတြင္ ဒီဇင္ဘာလ ၁၉ ရက္ေန႔ ျမန္မာအမ်ိဳးသားဒီမိုကရက္တစ္ မဟာမိတ္တပ္မေတာ္ MNDAA(ကိုးကန္႔) မန္ရန္တပ္စခန္းကို ကုန္းေၾကာင္း၊

ေလေၾကာင္းတို႔ျဖင့္ အင္အားအျပည့္သုံး၍ ထိုးစစ္ဆင္ေသာ္ လည္း စစ္တပ္ဘက္မွ ၇၀ ေက်ာ္ေသဆုံးၿပီး ဆုတ္ခြာသြားေၾကာင္း The Kokang က သတင္းထုတ္ျပန္သည္။

ဒီဇင္ဘာလ ၁၈ ရက္ေန႔ႏွင့္ဒီဇင္ဘာလ ၁၇ ရက္ေန႔တို႔တြင္ စစ္ေကာင္စီတပ္မ်ားသည္ MNDAA ၏ မန္ရန္ တပ္စခန္းကို တိုက္ခိုက္ရန္ ျပင္ဆင္ခဲ့ၿပီး ဒီဇင္ဘာ ၁၉ ရက္ေန႔တြင္

တိုက္ေလယာဥ္မ်ား အပါအဝင္ စစ္ေၾကာင္း ၃ ခုျဖင့္ တို္ကခိုက္ခဲ့ေၾကာင္း၊ ေလေၾကာင္းမွ ဗုံးက်ဲတိုက္ခိုက္သည့္အျပင္ ကုန္း ေၾကာင္းမွလည္း ေျမျပင္အင္အား မ်ားစြာျဖင့္ တိုက္ခိုက္ေၾကာင္း သိ႐ွိရသည္။

ဒီဇင္ဘာလ ၁၉ ရက္ေန႔ နံနက္ (၆) နာရီတြင္ စစ္ေကာင္စီတပ္က တိုက္ပြဲစတင္ၿပီး လက္နက္ႀကီး ပစ္ခတ္မႈ အႀကိမ္ေရ ၆၀၀ ေက်ာ္ တစ္နာရီအတြင္း လုပ္ ေဆာင္ခဲ့ေၾကာင္း၊

ယင္းေနာက္ ေျခလွ်င္တပ္ကို စတင္အသုံးျပဳ တိုက္ခိုက္ေၾကာင္း၊ မြန္းလြဲ ၁၂ နာရီ ၃၀ မိနစ္ခန္႔တြင္ ျမန္မာစစ္တပ္မွ သံခ်ပ္ကာယာဥ္မ်ား အပါအဝင္ အေျမႇာက္မ်ိဳးစုံ အသုံးျပဳ၍ အႀကိမ္ေရ ၁၅၀၀ ထက္မနည္း ပစ္ခတ္ခဲ့ေၾကာင္း သိ႐ွိရသည္။

MNDAA အပါအဝင္ ေျမာက္ပိုင္းမဟာမိတ္မ်ားက အင္အား ၅၀၀ ေက်ာ္ပါေသာ စစ္တပ္စစ္ေၾကာင္းကို ခုခံ ေခ်မႈန္းတိုက္ခိုက္ခဲ့ရာ ျမန္မာစစ္တပ္ဘက္မွ ၇၀ ေက်ာ္ေသဆုံးေၾကာင္း၊ တိုက္ေလယာဥ္မ်ားျဖင့္ ဗုံးက်ဲမႈမ်ား လုပ္ေဆာင္ေၾကာင္း သိ႐ွိရသည္။

စစ္ေကာင္စီ၏လက္နက္ႏွင့္စစ္သုံးပစၥည္း အမ်ားအျပား၊ MG-3ႏွင့္လက္ နက္ႀကီးမ်ား သိမ္းဆည္းရမိေၾကာင္း The Kokang က သတင္းေဖာ္ျပသည္။

လာမည့္ ရက္ပိုင္းအတြင္း စစ္တပ္က ထပ္မံထိုးစစ္ဆင္လာမည္ျဖစ္သျဖင့္ တိုက္ ပြဲမ်ားျပင္းထန္လာမည္ျဖစ္ေၾကာင္း MNDAA က သတင္းထုတ္ျပန္ထားသည္။

ဓာတ္ပုံ- ကိုးကန္႔တပ္မေတာ္MNDAA

About the author

admin

Add Comment

Click here to post a comment