Local News

MRTV သတင်းတင်ဆက်သူ ကိုကျော်သက်လင်း အတွက် ဂုဏ်ယူနေရတဲ့ မြနှင်းရည်လွင်

MRTV သတင်းတင်ဆက်သူ ကိုကျော်သက်လင်း အတွက် ဂုဏ်ယူနေရတဲ့ မြနှင်းရည်လွင်

ပရိသတ်ကြီးရေ မြန်မာပြည်ရဲ့လက်ရှိနိုင်ငံရေးအခြေ အနေတွေကို အားလုံးသိကြမယ်ထင်ပါတယ်‌။ ဖေဖော် ဝါရီလကစခဲ့တဲ့ နိုင်ငံရေးမီးလောင်ကျွမ်းနေတာဆိုရင် ကိုးလကျော်အချိန်ကိုကြာမြှင့်ခဲ့ပါပြီ။

အာဏာသိမ်းတာကို လက်မခံတဲ့ ပြည်သူတွေအားလုံးနီးပါး ပါဝင်တဲ့ဆန္ဒပြပွဲတွေ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ပေါ်ပေါက်လာခဲ့တာပါ။နိုင်ငံတော်ကခန့်အပ်ထားတဲ့ အစိုးရဝန်ထမ်းတွေကလဲ CDM အနေနဲ့ပါဝင် သပိတ်မှောက်ခဲ့ကြပါတယ်။

ထိုအထဲတွင် အာဏာစသိမ်းခဲ့တဲ့အချိန်အစောပိုင်းကထဲက CDM ပြုလုပ်ခဲ့တဲ့ MRTV ရုပ်သံရဲ့ သတင်းတင်ဆက်သူ ကိုကျော်သက်လင်း တစ်ယောက်လဲပါဝင်ခဲ့ပါတယ်။ကိုကျော်သက်လင်း ဟာလက်ရှိမှာလွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတယ်ဆိုတဲ့အကြောင်းကို ပရိသတ်တွေကိုအသိပေးလာခဲ့ပါတယ်။

ဆရာတပည့်ဖြစ်တဲ့ မြနှင်းရည်လွင် ကတော့ ဆရာဖြစ်သူအတွက် ဂုဏ်ယူဝမ်းမြောက်နေပါတယ်။သတင်းတင်ဆက်သူ ကိုကျော်သက်လင်းဟာ လွတ်မြောက်နယ်မြေရောက်ရှိနေတယ်ဆိုတဲ့အကြောင်းကို ” တောထဲဝင် ယူနီဖောင်းလေးဝတ် သေနတ်လေးကိုင်ပြီးဓာတ်ပုံရိုက်ပြရင်အဆင်ပြေမလားကျနော်fb accလေးပြန်ရပြီး မိတ်ဆွေတွေကိုလိုက်ကြည့်မိတယ်။

အများအားဖြင့်တော့ အရင်အတိုင်းပါပဲ…ကျနော်လား…? ကိုဗစ် ငှက်ဖျား တုတ်ကွေး အားလုံးထိပြီး လွန်မြောက်ခဲ့ပါပြီ။ ကိုယ်ရောစိတ်ပါ ကျန်းမာလျက်ပါ။မီးစိမ်းလေးမလင်း ပြန်မလာ ပြန်မဆုံတော့တဲ့မိတ်ဆွေတွေအတွက်စိတ်မကောင်းကြီးစွာဖြစ်မိပါတယ်။

မြို့ပြမှာ စိတ်ရောကိုယ်ပါဒုက္ခရောက်နေကြသူတွေအတွက်လည်း စိတ်ထိခိုက်ရပါတယ်။စိတ်ပူနေကြသူတွေအားလုံးကိုလည်း ကျေးဇူးတင်စွာ နှုတ်ခွန်းဆက်ပါတယ် ” သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်ကနေ အသိ ပေးရေးသားထားတာကြောင့် ပရိသတ်တွေနဲ့ မိတ်ဆွေများကလေးစားအံ့သြခဲ့ကြရပါတယ်။

အမှန်တရားအတွက် လွတ်မြောက်နယ်မြေရောက်ရှိနေတဲ့“ကျန်းမာတော်မူကြပါစ”ဆိုတဲ့ အသံပိုင်ရှင် MRTV ရုပ်သံရဲ့သတင်းတင်ဆက်သူ ကိုကျော်သက်လင်း အတွက်ဂုဏ်ယူဝမ်းမြောက်ရပါတယ်။ ပြည်သူဘက် တော်သား CDM သရဲကောင်း ကိုကျော်သက်လင်း ဘေးကင်းလုံခြုံပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

Credi

About the author

admin

Add Comment

Click here to post a comment