Local News

Mytel ကုမ္ပဏီအကြီးအကဲ ဗိုလ်မှူးဟောင်း သိန်းအောင် ဖောင်းဒိုင်းခံရ ကျန်လူများတုန်လှုပ်နေ

Mytel ကုမ္ပဏီအကြီးအကဲ ဗိုလ်မှူးဟောင်း သိန်းအောင် ဖောင်းဒိုင်းခံရ ကျန်လူများတုန်လှုပ်နေ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ (၇)ဂရပ်ကွက်၊ (၇) မိုင်၊ တေးနုယဉ်လမ်း၊ အမှတ် (၂၆/အေ/G1) နေအိမ်ရှေ့တွင် လမ်းလျှောက်ရန်အိမ်မှထွက်လာသည့် စစ်တပ်ပိုင် Mytel အကြီးအကဲ Chief Financial Officer ဗိုလ်မှူးဟောင်း သိန်းအောင် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ပ စ်သ တ်ခံလိုက်ရကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၄ ရက်နံနက် ၇ နာရီ ၃၀ မိနစ် အချိန်တွင် သေနတ်သမားတစ်ဦးက ဗိုလ်မှူးဟောင်း သိန်းအောင်နှင့် ဇနီးသိမ့်အောင်သူတို့ လမ်းလျှောက်ရန်အိမ်မှအထွက်တွင် အသင့်စောင့်ဆိုင်း ပ စ်ခ တ်သွားခြင်းဖြစ်ကြောင်း၊

သေန တ်သမားက ပ စ်ခ တ်ရာ ဗိုလ်မှူးဟောင်း သိန်းအောင်သည် ကျ ည်ထိမှန်ဒ ဏ်ရာလေးချက်ဖြင့်အခင်းဖြစ်နေရာတွင် သေဆုံ းပြီးဇနီးဖြစ်သူမှာလက်၊ ခါး၊ ခြေထောက်တို့တွင်ကျ ည်ထိမှန်ဒ ဏ်ရာများရခဲ့ကြောင်း သိရှိရသည်။

သေဆုံးသူ သိန်းအောင်သည် စစ်တပ်ပိုင် Mytel ကုမ္ပဏီ ၏အဓိက အရေးပါသည့် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၂၈ ဆင်း ၊ ရေ တပ်မှ ဖြစ်ကြောင်း သိရှိရသည်။

၎င်းသည် လက်ရှိ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် အပတ်စဉ်တူ သူငယ်ချင်း၊ လေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်တို့နှင့် ရင်းနှီးသော သူငယ်ချင်းဖြစ်ကြောင်းလည်း သိရှိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက လမ်းများနှင့်ရပ်ကွက်ကို ပိတ်ဆို့ စစ်ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

Ref Khit Thit Media

About the author

admin

Add Comment

Click here to post a comment