Local News

MyTel တာဝါတွေထိတော့ မအလ အပြင် အသံထွက်လာတဲ့ ဘောခိုးမလေးတွေအကြောင်း သတိပေးလာတဲ့ ပန်ဆယ်လို…

MyTel တာဝါတွေထိတော့ မအလ အပြင် အသံထွက်လာတဲ့ ဘောခိုးမလေးတွေအကြောင်း သတိပေးလာတဲ့ ပန်ဆယ်လို…

စစ်တပ်ကို လုပ်ပါလား…. တာဝါတွေထိရင် ပြည်သူတွေပဲ နစ်နာတာတဲ့။ အင်တာနက်မရတော့ရင် ဘယ်လိုလုပ်မလဲပေါ့။ လာလာသေး… တာဝါတိုင်တွေက ပြည်သူပိုင်တဲ့။

ဘယ်လို ပြည်သူပိုင်တာလဲ နားမလည်လို့။ အံ့ဩပ။ အင်တာနက်မရတော့ရင်ဆိုတာလေး အရင်ပြောတာပေါ့။ MyTel မရရင် အခြားOperator သုံးလေ။ MyTel ပဲ မိလို့ဆိုတဲ့သူတွေအတွက်တော့ စိတ်မကောင်းပေမယ့် အဲ့ဒီ့အနည်းစု အင်တာနက်မရတာအတွက် စစ်ကောင်စီရဲ့ ငွေပင်ငွေရင်းကို ဆွဲမနှုတ်ဘဲ ပြည်သူတွေကို သတ်ဖို့ လက်နက်ဖိုး ဆက်ပေးနေရမှာလား။ သူတို့ပိတ်ချင်

ဇက်ခနဲပိတ်လို့ရတဲ့ အင်တာနက်ကို အနည်းစု မရနိုင်တာနဲ့ မလုပ်နဲ့ဆိုတော့ တကယ်ဖြစ်လာရင် အိမ်မှာ ဖုန်းထိုင်ပွတ်လို့ရမယ် ထင်နေတာလား။ Boycott လုပ်ပါဆိုတော့ မကော့ဘူး။

MyTelက ဘယ်လိုအလကားပေးတာ၊ ဘယ်လိုဈေးချိုတာဆိုပြီး အကြောင်းပြချက်ပေါင်းစုံနဲ့ သုံးတယ်။ Boycott ပါဆိုတဲ့လူတွေကပဲ အစွန်းရောက်နေသလိုလို၊ အာပွနေသလိုလို လှောင်သေး။ အခု အသံထွက်လာတာ အဲ့လိုဟာတွေ။

တာဝါတိုင်တွေ ထိရင် ပြည်သူနစ်နာတာတဲ့။ တာဝါတိုင်တွေက ပြည်သူပိုင်တဲ့။ ဘာလဲ… အဲ့တာဝါတိုင် ၂၂၀၀ ကျော်က စက္ကန့်မလပ်ရနေတဲ့ ဝင်ငွေတွေက အစိုးရဘဏ္ဍာ ဖြစ်လို့လား။

ပြည်သူ့အိပ်ကပ်ထဲ ရောက်လာဖူးလား။ တာဝါတိုင်တွေက ပြည်သူမပိုင်ဘူး။ ကုမ္ပဏီပိုင်ဟဲ့။ တစ်တိုင် သိန်းထောင်ချီတန်တယ်။ ကုမ္ပဏီက MyTel, ဗီယက်နမ်ကုမ္ပဏီ VietTel နဲ့ MaALoe မင်းအောင်လှိုင်တို့ အတူပိုင်တာ။

တာဝါတိုင်တွေကို အာမခံထားတာ မင်းအောင်လှိုင်သား အောင်ပြည့်စုံရဲ့ အောင်မြင့်မိုရ်မင်းအာမခံကုမ္ပဏီ။ တာဝါတိုင်ထိရင် ဘယ်ကောင်နာလဲ စဉ်းစား။

ပြည်သူတွေနာမယ်ပြောတဲ့ စောက်ပေါက်ကြီးတွေ ပြန်စဉ်းစား။ လက်နက်မဲ့ပြည်သူတွေခေါင်းကို တေ့ပစ်တယ်။

သောက်သံမထွက်ဘူး။ ပြည်သူတွေကို မတရားဖမ်းဆီးထောင်ချတယ်။ လေသံတောင်မဟဘူး။ ပြည်သူပေါင်းသန်းပေါင်းများစွာ ဘဝတွေပျက်တယ်။ ခပ်တည်တည်ပဲ။

ပန်ဆယ်လို