NAN HTIKE AUNG Project နဲ့ ပတ်သတ်ပြီး နည်းနည်းဂုဏ်ဆာ လိုက်တဲ့ ပန်ဆယ်လို

NAN HTIKE AUNG Project နဲ့ ပတ်သတ်ပြီး နည်းနည်းဂုဏ်ဆာ လိုက်တဲ့ ပန်ဆယ်လို

နည်းနည်းဂုဏ်ဆာပါရစေ။ ကိုယ် Runတဲ့ ဒုတိယမြောက် Project ဖြစ်တဲ့ Project NAN HTIKE AUNG ဟာ

ပထမProject လိုပဲ လျာထားချက်ကို ကျော်လွန်အောင်မြင်နိုင်ခဲ့ပါပြီ။

ပြည်သူတွေရဲ့ ရုန်းကန်အားထုတ်မှုက 100% မက 140% ပါတဲ့။ ဒီလိုစိတ်ဓါတ်ခံယူချက်အပြည့်နဲ့ ခက်ခဲနေပါစေ၊

ရုန်းထွက်နေတဲ့ ပြည်သူတွေရဲ့ အင်အားဟာ ဒီတော်လှန်ရေးအောင်မြင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေ ပိုပိုခိုင်မာလာစေခဲ့တာပါပဲ။

Project တောက်လျှောက် ကိုယ်နဲ့အတူ Runပေးခဲ့ကြတဲ့ နန်းထိုက်အောင်စစ်ဆင်ရေးရဲ့ တာဝန်ရှိသူတွေ၊

ဝိုင်းဝန်းလှုံ့ဆော်ကောက်ခံပေးကြတဲ့ ပြည်တွင်းပြည်ပ OFP Fund Raiserတွေ၊

တစ်ကိုယ်စာ Risk တွေကို ရဲရဲဝံ့ဝံ့ယူပြီး အသံတိတ်ကူညီပေးခဲ့ကြသူတွေ၊

ပင်ပန်းနေတဲ့ကြားကနေ ယုံကြည်စွာ မျှော်လင့်စွာ ထောက်ပို့ပေးကြတဲ့ ပြည်သူတွေ။

စုပေါင်းအင်အားနဲ့ ဂုဏ်ထူးမှတ်မက၊ အမှတ်ပြည့်မက၊ ကျော်ထွက်တဲ့အထိ အောင်မြင်ခဲ့ပါပြီ။

လူကြမ်းတွေ လဲရင်ကြိုက်လားလို့ ကြွေးကြော်စခဲ့တဲ့ Project NAN HTIKE AUNG ဟာ အလှည့်ကျ နွဲ့လို့မရဘူးကွာလို့ အဆုံးမှာ ကြွေးကြော်နိုင်ခဲ့ပါပြီ။

ငါတို့ရောက်အောင် လာခဲ့မယ်။ လွတ်လပ်သော မြို့ပြရဲ့ လမ်းမတွေဆီ။
💪💪💪

Leave a Reply

Your email address will not be published.