တစ်နေ့ နွေဦးပြတိုက်မှာ သမိုင်းတင်ထားရမယ့် Banner လေးကို စတင် လေလံတင် ရောင်းချပေးနေတဲ့ ပန်ဆယ်လို

တစ်နေ့ နွေဦးပြတိုက်မှာ သမိုင်းတင်ထားရမယ့် Banner လေးကို စတင် လေလံတင် ရောင်းချပေးနေတဲ့ ပန်ဆယ်လို

ဒီနေ့မှာ ရန်ကုန်အခြေစိုက် မြေပေါ်မြေအောက်တော်လှန်ရေးအင်အားစုတစ်ခုက အကူအညီတောင်းလာတဲ့အတွက် သူတို့ အသုံးပြုခဲ့တဲ့ ဘန်နာလေးကို လေလံတင်ပေးချင်ပါတယ်။

အမေစု မွေးနေ့မှာ ထွက်မယ့် သပိတ်စစ်ကြောင်းအတွက် ဘယ်ဆိုင်ကမှ အလွယ်တကူ Print လုပ်မပေးရဲတာကြောင့် တော်လှန်ရေးရဲဘော်တွေကိုယ်တိုင် လက်ဖြစ်ရေးဆွဲခဲ့တဲ့ ဘန်နာလေး ဖြစ်ပါတယ်။

ဘန်နာပေါ်မှာ ရေးထားတဲ့ စာလုံးတိုင်း၊ ပန်းချီတိုင်းက တော်လှန်ရေးလူငယ်တွေရဲ့ အမေ့မွေးနေ့မှာ ဆုတောင်းပေးချင်တဲ့စိတ်ကနေ ပေါ်ထွက်လာတဲ့ ချစ်ခြင်းမေတ္တာ သင်္ကေတတွေပါပဲ။

ဒီဘန်နာလေးဟာ ငွေကြေးအားဖြင့် တန်ဖိုးရှိချင်မှ ရှိပါမယ်။ ဆွဲထားတဲ့သူတွေဟာလည်း နာမည်ကြီးအနုပညာရှင်တွေ မဟုတ်ပါဘူး။ ဒါပေမယ့် မြို့ပြသပိတ်တိုက်ပွဲအတွက် အန္တရာယ်ကြားက အသက်ပေးတိုက်ပွဲဝင်နေကြတဲ့ လူငယ်သတ္တိခဲတွေ၊

ကျောင်းသားသူရဲကောင်းတွေရဲ့ နှလုံးသဲပွတ်လက်ရာဖြစ်တဲ့အတွက် တော်လှန်ရေးတန်ဖိုးကတော့ ကြီးကြီးမားမားရှိတဲ့ လက်ရာလေးပါပဲ။ တစ်နေ့ နွေဦးပြတိုက်မှာ သမိုင်းတင်ထားရမယ့် လက်ရာလည်း ဖြစ်လာနိုင်ပါတယ်။

လေလံရရှိ​ငွေအားလုံးကိုလည်း ဒီအဖွဲ့ကို တစ်ပြားမကျန်ပေးအပ်ပေးမှာ ဖြစ်ပြီး ရရှိငွေတွေဟာ သူတို့ ဆက်လက်လှုပ်ရှားဖို့ အင်အားတွေ၊ တွန်းကန်မှုတွေ ဖြစ်လာမှာပါ။

ကြမ်းခင်းစျေး USD 500 က စပါရစေ။ ချက်ဘောက်ကနေ စျေးပြိုင်လေလံပေးနိုင်ပါတယ်။

ပုန်ကန်တော်လှန်နေမယ့် ရန်ကုန်အတွက် ဂုဏ်ပြုပေးကြရအောင်ပါ။

Leave a Reply

Your email address will not be published.