Local News

NLD ခေါင်းဆောင်များနှင့်တွေ့ဆုံမည်ဟု နီပွန်ဖောင်ဒေးရှင်ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ ပြော

NLD ခေါင်းဆောင်များနှင့်တွေ့ဆုံမည်ဟု နီပွန်ဖောင်ဒေးရှင်ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထိပ်ပိုင်းခေါင်းဆောင်များနှင့်တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးအထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံအကျပ်အတည်းများနှင့်ပတ်သက်၍ ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ၎င်းက ယင်းသို့ပြောကြားခဲ့သည်။

“ဒီခရီးစဉ်မှာ NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ရှစ်လေးလုံးလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေနဲ့တွေ့ပြီး အခန်းကဏ္ဍအသီးသီးရဲ့ခေါင်းဆောင်တွေနဲ့တွေ့ပြီး

သူတို့ဆီတွေက ကြားသိရတဲ့စကားတွေကိုလေ့လာပြီး အဲဒီအပေါ်မှာအခြေခံပြီး ခွဲခြမ်းစိတ်ဖြာပြီးမှ ဘယ်ပုံစံနဲ့ဆောင်ရွက်သွားမလဲဆိုတာကို လေ့လာဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု မစ္စတာဆာဆာကာဝါက ပြောသည်။

လက်ရှိအချိန်တွင် NLD ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးညီပု အစရှိသည့် ပါတီခေါင်းဆောင်ပိုင်းမှ အများစု ဖမ်းဆီးတရားစွဲဆိုခံထားရသလို ထင်ရှားသည့် ၈၈ မျိုးဆက် နိုင်ငံရေးသမားများဖြစ်သည့် ဦးမြအေး၊ ဦးဂျင်မီတို့လည်း ဖမ်းဆီးခံထားရသည်။

နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်က မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး AA ခေါင်းဆောင်များနှင့် အွန်လိုင်းမှတဆင့်တွေ့ဆုံခဲ့သည်။

၎င်းသည် နိုဝင်ဘာလ ၁၃ ရက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်လည်းတွေ့ဆုံခဲ့ပြီး နိုဝင်ဘာလ ၁၅ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့မှ စစ်ဘေးရှောင်စခန်းများကို သွားရောက်လေ့လာခဲ့သည်။

Ref New Wach

About the author

admin

Add Comment

Click here to post a comment