Local News

NLD ပါတီရဲ့ သက်တော်ရှည် နာယကကြီး ဦးတင်ဦးကို စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင် နဲ့ ဝန်ကြီးအဖွဲ့ လာရောက်တွေ့ဆုံ

NLD ပါတီရဲ့ သက်တော်ရှည် နာယကကြီး ဦးတင်ဦးကို စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင် နဲ့ ဝန်ကြီးအဖွဲ့ လာရောက်တွေ့ဆုံ

ဒီဇင်ဘာ ၅၊ ရန်ကုန်

NLD ပါတီရဲ့ နာယကတစ်ဦးလည်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားကိုးယုံကြည်ရတဲ့ ဗိုလ်ချုပ်ကြီးဟောင်းဦးတင်ဦးရဲ့ နေအိမ်ကို စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်နဲ့ ဝန်ကြီးအဖွဲ့ ဒီနေ့မနက် ၁၀ နာရီ မှာ လာရောက်တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။

နာယကကြီးဦးတင်ဦးနဲ့ နီးစပ်သူတစ်ဦးက “မင်းအောင်လှိုင်နဲ့ ဝန်ကြီးအဖွဲ့ကလာတွေ့တယ်၊ အဓိက ကတော့ ကျန်းမာရေးမကောင်းဘူးကြားလို့လာတာပေါ့၊ သူတို့က ပြောတာက ဘာလိုအပ်လဲလိုတာ ရှိရင် ပြောဖို့တော့ မှာသွားတယ်။ နာရီဝက်လောက်တော့ကြာတယ်” လို့ပြောပါတယ်။

မင်းအောင်လှိုင်နဲ့အတူ ကျန်းမာရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးအဖွဲ့ ကလာရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

#BurmaVJ

Zawgyi

NLD ပါတီရဲ႕ သက္ေတာ္႐ွည္ နာယကႀကီး ဦးတင္ဦးကို စစ္ေကာင္စီဥကၠဌ မင္းေအာင္လိႈင္ နဲ႔ ဝန္ႀကီးအဖြဲ႕ လာေရာက္ေတြ႕ဆုံ

ဒီဇင္ဘာ ၅၊ ရန္ကုန္

NLD ပါတီရဲ႕ နာယကတစ္ဦးလည္းျဖစ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အားကိုးယုံၾကည္ရတဲ့ ဗိုလ္ခ်ဳပ္ႀကီးေဟာင္းဦးတင္ဦးရဲ႕ ေနအိမ္ကို စစ္ေကာင္စီဥကၠဌ မင္းေအာင္လိႈင္နဲ႔ ဝန္ႀကီးအဖြဲ႕ ဒီေန႔မနက္ ၁၀ နာရီ မွာ လာေရာက္ေတြ႕ဆုံခဲ့တယ္လို႔ သတင္းရ႐ွိပါတယ္။

နာယကႀကီးဦးတင္ဦးနဲ႔ နီးစပ္သူတစ္ဦးက “မင္းေအာင္လိႈင္နဲ႔ ဝန္ႀကီးအဖြဲ႕ကလာေတြ႕တယ္၊ အဓိက ကေတာ့ က်န္းမာေရးမေကာင္းဘူးၾကားလို႔လာတာေပါ့၊ သူတို႔က ေျပာတာက ဘာလိုအပ္လဲလိုတာ ႐ွိရင္ ေျပာဖို႔ေတာ့ မွာသြားတယ္။ နာရီဝက္ေလာက္ေတာ့ၾကာတယ္” လို႔ေျပာပါတယ္။

မင္းေအာင္လိႈင္နဲ႔အတူ က်န္းမာေရးဝန္ႀကီး၊ ကာကြယ္ေရးဝန္ႀကီး ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ အပါအဝင္ ဝန္ႀကီးအဖြဲ႕ ကလာေရာက္ေတြ႕ဆုံခဲ့တယ္လို႔ သိရပါတယ္။

#BurmaVJ

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.