International News

NUG ကို အသိအမှတ်ပြုဖို့ အာဆီယံက တိုက်တွန်းလိုက်ပါပြီ

NUG ကို အသိအမှတ်ပြုဖို့ အာဆီယံက တိုက်တွန်းလိုက်ပါပြီ

ဖေဖော်ဝါရီ ၁ မှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်စေဖို့ NUG ကို အသိအမှတ်ပြုရမယ်လို့ အာဆီယံအစည်းအဝေးက တိုက်တွန်းလိုက်ပါတယ် ။

မလေးရှားပါလီမန်အဖွဲ့ဝင်နဲ့ အာဆီယံလူ့အခွင့်အရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ Charles Santiago က ဆွေးနွေးလိုက်တာပါ ။ အဖွဲ့့ဝင်အားလုံးက ဆွေးနွေးပွဲကို သဘောတူလက်ခံခဲ့ကြပါတယ် ။

ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ မဲဆန္ဒရှင်တွေရဲ့ တရားဝင်ကိုယ်စားလှယ်ဖြစ်တဲ့ NUG နဲ့သာ ဆက်ဆံသင့်တယ် လို့ ပြောခဲ့တာပါ ။

” NUG ဟာ မြန်မာနိုင်ငံသားတွေကို ကိုယ်စားပြုတဲ့ အရိပ်အစိုးရပါ ။ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲက အနိုင်ရကိုယ်စားလှယ်တွေ ၊ တိုင်းရင်းသားတွေနဲ့ တိုင်းရင်သားလက်နက်ကိုင်တွေ ပါဝင်ပါတယ် ။

ဖေဖော်ဝါရီ အာဏာသိမ်းပြီးစမှာ ဖွဲ့စည်းခဲ့တာပါ ။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကနေ ထုတ်ပယ်လိုက်တာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ် ။

ဒါဟာ အာဆီယံရဲ့ မကြုံစဖူး ထူးခြားထင်ရှား ၊ ရဲရင့်တဲ့ ဆုံးဖြတ်ချက်ပါ ။ မြန်မာ့အကျပ်ပတည်းကို ဖြေရှင်းဖို့ ဒီထက်မက လုပ်ဆောင်ရမှာပါ ” လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ ( APHR ) ရဲ့ ဥက္ကဋ္ဌဖြစ်သူ မလေးရှားပါလီမန်အမတ် Charles Santiago က ပြောကြားခဲ့ပါတယ် ။

” ကိုယ့်လူမျိူးအပေါ် မညှာမတာ အကြမ်းဖက်နေတဲ့ မြန်မာစစ်တပ်ကို ဖိအားမပေးနိုင်ဘူးဆိုရင် နိုင်ငံတကာရဲ့ အာဆီယံအပေါ် ယုံကြည်ကိုးစားမှု့က ကျဆင်းသွားပါလိမ့်မယ် ။ အာဆီယံခေါင်းဆောင်တွေရဲ့ သဘောတူညီချက်ကို မြန်မာစစ်တပ်က မထီမဲ့မြင် လုပ်နေတာပါ ။ မြန်မာရဲ့ ဒီမိုကရေစီခြေလှမ်းတွေ ပြန်လည်လျှောက်လှမ်းနိုင်ဖို့ အာဆီယံက ပြတ်သားတဲ့ ခြေလှမ်းတွေ လှမ်းဖို့လိုပါတယ် ။ ”

” မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေဖို့ အရေးကြီးတဲ့ ခြေလှမ်းကတော့ ၂၀၂၀ နိုဝင်ဘာလက တရားဝင်ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေကို ကိုယ်စားပြုအဖွဲ့ဖြစ်တဲ့ NUG အစိုးရ ကိုယ်စားလှယ်တွေနဲ့ လူသိရှင်ကြား တွေ့ဆုံဆွေးနွေးဖို့ လိုပါတယ် ။ ” လို့ အာဆီယံလူ့အခွင့်အရေးနဲ့ ပါလီမန်အမတ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌက ပြောကြားခဲ့တာပါ ။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦးကို NUG အစိုးရက အာဆီယံထံမှာ အဆိုတင်သွင်းထားပါတယ် ။ ဦးဘိုလှတင့် လို့ခေါ်ပါတယ် ။ ဦးဘိုလှတင့်ရဲ့ အကြောင်းကြားစာကို အာဆီယံက စီစစ်နေဆဲမို့ အကြောင်းမပြန်သေးပါဘူး ။

” NUG ဟာ အလွန်တာဝန်ယူတတ်တဲ့ မိတ်ဖက်ဖြစ်လာမှာပါ ။ အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ အာဆီယံအသိုင်းအဝိုင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာပါ ” လို့ ဗိုလ်လှတင့်က အာဆီယံထံ ိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာကို အာဆီယံက လက်ခံခဲ့ပါတယ် ။

သုံးသပ်ရရင် ………၊ ကုလ ၊ အီးယူ ၊ အာဆီယံနဲ့ အမေရိကန်က မြန်မာ့အရေးကို တစ်ရက်ဆိုတစ်ရက် တစ်ဆင့်ဆင့် တက်လာပါတယ် ။

မျှော်မှန်းမထားခဲ့တဲ့ အာဆီယံဟာ အာဏာသိမ်းခေါင်းဆောင်ကို ဖယ်ထုတ်ရုံမကပဲ ၊ ပြည်သူကိုကိုယ်စားပြုတဲ့ အာဆီယံကို တရားဝင်စေဖို့ ညီလာခံစားပွဲဝိုင်းမှာ ဆွေးနွေးရတဲ့အဆင့်အထိ ရောက်လာပါတယ် ။

” ဒေသတွင်းအဖွဲ့အစည်း၊ မြန်မာပြည်နဲ့လည်း အနီးစပ်ဆုံးဖြစ်တယ်၊ ဒါ မြန်မာပြည်သူလူထုရဲ့ အာဆီယံအပေါ်မှာ ရှိနေတဲ့ အမြင်က ဘာပဲပြောပြော ကောင်းတဲ့ဘက်ပေါ့၊ စစ်ခေါင်းဆောင်တွေကို လက်မခံတဲ့အတွက်ကြောင့်မို့လို့ အာဆီယံကလည်း မြန်မာပြည်သူလူထုရဲ့ အသံကို နားထောင်တယ်၊ အတူတူရှိနေတယ်ဆိုတဲ့ အမြင်ပေါ့၊ အကောင်းဘက်ကို ပြောင်းလဲသွားစေတဲ့ အမြင်တစ်ခု ရစေတယ်လို့ မြင်ပါတယ်။

ဘယ်လောက်သက်ရောက်မှုရှိလဲဆိုတော့ ဒါက အစပဲပေါ့နော်။ အာဆီယံရဲ့ သမိုင်းမှာလည်း ဒါက အင်မတန်မှ သတ္တိရှိတဲ့အချက်လို့ ပြောလို့ရပါတယ်။ နောက်တစ်ခုက ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ အာဏာသိမ်းမှုတွေ၊ အာဏာရှင်တွေရဲ့ စိန်ခေါ်မှုတွေကို ရှိပြီးသား အတွေးအခေါ်ဟောင်းတွေနဲ့ ချဉ်းကပ်ပုံအဟောင်းတွေနဲ့ မရတော့ဘူးဆိုတာကို သက်သေပြရာရောက်တယ်လို့ မြင်ပါတယ်။” လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ပြောကြားထားတာ တွေ့ရပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း NUG ကို အသိအမှတ်ပြုဖို့ လှုံ့ဆော်လိုက်ပါသေးတယ် ။ စစ်ကောင်စီဟာ နိုင်ငံရေးနဲ့မပတ်သက်တဲ့ ကိုယ်စားလှယ်မလွှတ်ပဲ အာဆီယံကို ကျောခိုင်းလိုက်တဲ့နောက်မှာ မြန်မာ့အရေးဟာ သိသိသာသာ ပွင့်လင်းသွားပါတယ် ။

NUG က တရားဝင်အစိုးရ ဖြစ်လာနိုင်ပြီး ၊ စစ်ကောင်စီကတော့ မတရားအသင်းအဖြစ် ကြေငြာခံရနိုင်ပါတယ် ။

ဘကြီးအောင် LA

About the author

admin

Add Comment

Click here to post a comment