Local News

နောက်ဆုံးအချိန်ထိ လက်သုံးချောင်းထောင်ပြီး အာဏာရှင်စနစ် ဆန့်ကျင်သွားသူပါစကွားလယ်နှင့်ဖီဒေးလယ်

နောက်ဆုံးအချိန်ထိ လက်သုံးချောင်းထောင်ပြီး အာဏာရှင်စနစ် ဆန့်ကျင်သွားသူပါစကွားလယ်နှင့်ဖီဒေးလယ်

ဖမ်းဆီး နှိပ်စက်ခံထားရသည့် ဒဏ်ရာများဖြင့် ဒူးထောက်လျက်အနေအထားဖြင့် ကြိုးတုပ်ဖမ်းဆီးခံရထားသူ လူငယ်နှစ်ဦးမှာ ကရင်နီပြည်နယ် စံပြ ၆မိုင်ဘက်မှ လူငယ်များဖြစ်ကြောင်း ၎င်းတို့ကို သိရှိသူ ကရင်နီဒေသခံတစ်ဦးက အတည်ပြုသည်။

လူငယ် နှစ်ဦး အသက်မှာ ၁၇၊ ၁၈နှစ်အရွယ် ဖီဒေးလယ်နှင့် ပါစကွားလယ်တို့ဖြစ်ပြီး နေရပ်မှာ ၆မိုင်အုပ်စု ကယောပိုင်းမှဖြစ်ကြောင်း ၎င်းတို့နှင့်အတူ အလုပ် လုပ်ကိုင်သူ အဆိုပါဒေသခံက ပြောသည်။

“ရွာအပြင်ဘက်မှာ စစ်ဘေးရှောင်နေတာပါ။ မနက်ကျတော့ ရွာအခြေအနေသိချင်လို့ ရွာထဲ ပြန်လာကြည့်တာပါ။ သူတို့ နှစ်ယောက် စစ်ကြောင်းနဲ့တိုးသွားပြီး အဖမ်းခံရတာပါ” ဟု ၎င်းက ပြောသည်။

“ပြီးခဲ့တဲ့ ၂ရက် (စက်တင်ဘာ ၉ရက်)က အဖမ်းခံရတာပါ။ ဖမ်းသွားတာတော့ ၁၀၂တပ်ကဗျ။ ဒီဓာတ်ပုံ ဘယ်လိုထွက်လာသလဲ ကျွန်တော်လည်း အဲဒါစဉ်းစားနေတာ” ဟု ၎င်းက ထပ်မံပြောကြားသည်။

“(ဓာတ်ပုံထဲက လူငယ်နှစ်ဦး)သူတို့က ကရင်နီပြည်က စံပြ ၆မိုင်က လူငယ်တွေပါ။ အတည်ပြုနိုင်ပါတယ်” ဟု ကရင်နီတပ်မတော်မှ သတင်းရင်းမြစ်တစ်ဦးကလည်း ပြောဆိုသည်။

၎င်းတို့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမဟုတ်ဘဲ သာမန်အရပ်သားလူငယ်များသာဖြစ်ပြီး အကြမ်းဖက်စစ်တပ်က သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း လူငယ်တစ်ဦး၏ ဆွေးမျိုးတစ်ဦးက ၎င်း၏ လူမှုကွန်ရက်တွင် အတည်ပြု ဖော်ပြသည်။

ဓာတ်ပုံတွင် အင်္ကျီအနီရောင်ဝတ်ဆင်ထားသူ- ပါစကွားလယ်ဓာတ်ပုံတွင် အင်္ကျီအပြာရောင် လက်တိုဝတ်ထားသူ – ဖီဒေးလယ်