Local News

NUG နဲ့ ဆွေးနွေးခဲ့တဲ့အကြောင်းအရာကို အမေရိကန်လုံခြုံရေးအကြံပေး ထုတ်ပြော(ဘာတွေ ဆွေးနွေးခဲ့သလဲ)

NUG နဲ့ ဆွေးနွေးခဲ့တဲ့အကြောင်းအရာကို အမေရိကန်လုံခြုံရေးအကြံပေး ထုတ်ပြော(ဘာတွေ ဆွေးနွေးခဲ့သလဲ)

ဒေသတွင်းမှာ အခရာကျတဲ့နိုင်ငံတွေအပြင် စစ်ကောင်စီအပေါ် လွှမ်းမိုးမှုရှိတဲ့နိုင်ငံတွေနဲ့ သံတမန်ရေးရာဆက်ဆံရေးတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အဆင့်မြင့်အရာရှိတွေနဲ့ဆွေးနွေးထားတယ်ဆိုပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောလာပါတယ်။

NUG ရဲ့ယာယီသမ္မတဒူးဝါးလရှီလ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့နဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ဆုံခဲ့တာကို မစ္စတာဂျိတ်ဆူလီဗန်က သတင်းစာရှင်းလင်းပွဲမှာ ပြောလာတာဖြစ်ပါတယ်။

လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနဲ့ မြန်မာပြည်သူတွေကြုံတွေ့နေရတဲ့ခက်ခဲတဲ့အခြေအနေတွေအရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ သူကပြောပါတယ်။

လက်ရှိမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကိုယ်တိုင် အမေရိကန်-အာဆီယံထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အစည်းအဝေးတက်ခွင့်ငြင်းတာဟာ အာဆီယံရဲ့ခြေလှမ်းတစ်ရပ်လို့လည်း သူက ပြောပါတယ်။

အဲဒီအစည်းအဝေးမှာ မြန်မာ့အရေးအတွက် အာဆီယံခေါင်းဆောင်တွေကြားရရှိထားတဲ့ဘုံသဘောတူညီချက် ၅ ရပ်ကို ဘယ်လိုရှေ့တိုးလုပ်ဆောင်နိုင်မယ်ဆိုတဲ့ကိစ္စအပေါ် သမ္မတ ဘိုင်ဒန်ဟာ အာဆီယံနဲ့ ညှိညှိနှိုင်းနှိုင်းတိုင်ပင်ဆောင်ရွက်တဲ့အခွင့်အလမ်းရရှိစေခဲ့တယ်လို့လည်း အကြံပေးက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေအတွက်၊ မြန်မာ့ဒီမိုကရေစီအတွက်၊ မြန်မာနိုင်ငံသားတွေရဲ့လူ့အခွင့်အရေးနဲ့ လုံခြုံရေးအတွက် ဆက်ပြီး အားပေးထောက်ခံမယ်လို့လည်း အကြံပေးက ပြောထားပါတယ်။

NUG ရဲ့ ယာယီ သမ္မတ ဒူဝါလရှီးလနဲ့ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်တို့ဟာ သမ္မတ ဘိုင်ဒင်ရဲ့ အနီးကပ်၊ မူဝါဒပိုင်း ဩဇာရှိတဲ့ အဆင့်မြင့် အရာရှိ မစ္စတာ ဆူလေဗန်နဲ့ ဆွေးနွေးခဲ့တာကို ကြည့်ရင် အမေရိကန် အစိုးရရဲ့ ကျောထောက်နောက်ခံ ပေးမှု အတိုင်းအတာ တစ်ခုအထိ NUG မှာ ရှိနေကြောင်း သိသာတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

အခု ထိပ်သီးဆွေးနွေးပွဲ အကြို သီတင်းပတ်မှာလည်း အမေရိကန် နိုင်ငံခြားရေး ဌာနက အဆင့်မြင့် အကြံပေးပုဂ္ဂိုလ် ဖြစ်ပြီး NUG နဲ့ကြား ခိုင်မာတဲ့ ဆက်ဆံရေးရှိတဲ့

ကောင်ဆယ်လာ ဒဲရက် ရှိုလေးဟာ အာဆီယံ ဒေသတွင်း လှည့်လည် နေခဲ့ပြီး၊ မြန်မာ့ ဒီမိုကရေစီ အရေး အပေါ် တွန်းအားပေးတဲ့ သဘောထားမျိုးတွေ ထင်ထင်ရှားရှား ပြောနေခဲ့ပါတယ်။

Credit

About the author

admin

Add Comment

Click here to post a comment