International News

NUG အစိုးရအား တရားဝင်အသိအမှတ်ပြုတော့မယ့် ကမ္ဘာ့အင်အားကြီးနိုင်ငံ… see more

NUG အစိုးရအား တရားဝင်အသိအမှတ်ပြုတော့မယ့် ကမ္ဘာ့အင်အားကြီးနိုင်ငံ… see more

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အား အသိ အမှတ်ပြုရေး အဆိုကို အောက်တိုဘာလ ၅ ရက်တွင် ကျင်းပသည့် ပြင်သစ်အထက် လွှတ်တော် အစည်း အဝေး၌ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြောင်း ပြင်သစ်အထက် လွှတ်တော်နှင့် ပြင်အသစ်ခြေစိုက် ဒီမိုကရေစီရေးလှုပ်ရှားသည့်အဖွဲ့အချို့က သတင်းထုတ် ပြန် သည်။

ပြင်သစ်အထက် လွှတ်တော်ဥက္ကဌ မစ္စတာ Gérard LARCHER က အဆိုနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ ၊ သတင်းသမား ၊

အရပ်ဘက်အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၊ တတ်သိ ပညာရှင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဘာသာရေးခေါင်းဆောင်များကို တရားလက်လွတ် ဖမ်းဆီးနေမှုများအား ထည့်သွင်းစဉ်းစားကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် အရေးပေါ် အခြေအနေကြေညာမှု အဆုံးသတ်ကာ ဖမ်းဆီးထားသူများအား ပြန်လွှတ်ပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားရန် အရေးကြီးသည့် ခြေလှမ်းတရပ်အနေဖြင့် ပြင်သစ်အစိုးရက NUG ကို ထောက်ခံ အသိအမှတ်ပြုရန် တိုက်တွန်းကြောင်း ၎င်းက အထက်လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

“မြန်မာ့ဒီမိုကရေစီလမ်းကြောင်းကို ဆန့်ကျင်ပြီး စစ်တပ်က တရားမဲ့ အာဏာ သိမ်းခဲ့တာ ရှစ်လရှိပါပြီ။ အမေရိကန်နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဖိအားပေးမှုတွေကို စစ်တပ်က ငြင်းပယ်ပြီး အကြမ်း ဖက် သတ် ဖြတ်မှုတွေ၊ ဥပဒေမဲ့ ဖမ်းဆီးမှုတွေဆက်ကျူးလွန်နေပါတယ်။

အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေး၊ အကြမ်းဖက်မှုတွေ ရပ်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့ကိုလည်း စစ်တပ်က ငြင်းပယ်နေပါတယ်။ အမေရိကန်အနေနဲ့ မြန်မာပြည်သူတွေကို ကာကွယ်ထောက်ခံအားပေးဖို့နဲ့ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို လက်မခံဘူးဆိုတာကို တိကျရှင်းလင်းတဲ့ သတင်းစကားပေးဖို့ အများကြီးထပ်လုပ်ရမယ်” ဟု အောက်လွှတ်တော်နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌ Meeksက ပြောဆိုသည်။

အဆိုနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ ပြင်သစ်အစိုးရသည် အစိုးရများကို လက်ခံလေ့မရှိဘဲ နိုင်ငံများကိုသာ လက်ခံကြောင်း အစည်းအဝေးတွင် တုံ့ပြန်ဖြေကြားခဲ့သည်။

NUG အား အသိအမှတ်ပြုရေး အဆိုကို အထက်လွှတ် တော်တွင် အတည်ပြုလိုက်သော်လည်း ပြင်သစ်အောက် လွှတ်တော်နှင့် ပြင်သစ်အစိုးရတို့က အတည်ပြု၊ မပြု ဆက်လက် ဆွေးနွေးရဦးမည် ဖြစ်ကြောင်း ပြင်သစ်အခြေစိုက် ဒီမိုကရေစီရေးလှုပ်ရှားသည့် La Communauté Birmane de France ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Credit