Local News

NUG/MODဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို အစီအစဥ်ရှိရှိ ဆင်နွှဲ​နေတယ်ဆိုတာကို ပြည်သူများကို အသိ​ပေးလာတဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်

ရဲ​ဘော်များ မိတ်​ဆွေများခင်ဗျား

NUG/MODဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို အစီအစဥ်ရှိရှိ ဆင်နွှဲ​နေတယ်ဆိုတာ အသိ​ပေးလိုပါတယ်။

အထူးသဖြင့် မဟာမိတ်များနဲ့ ညှိနှိုင်း​ရေးဆွဲထားတဲ့ မဟာဗျူဟာ အစီအစဥ်ကို စနစ်တကျ အဆင့်လိုက် အ​ကောင်အထည်​ဖော်​နေတာ ဖြစ်ပါတယ်။

ဒီ​နေ့ရာမှာ Chain Of Command တည်​ဆောက်မှုဟာ အင်မတန်အ​ရေးကြီးပါတယ်။ ပြည်သူ့​တော်လှန်​ရေးတစ်စုံလုံးရဲ့ Chain Of Command ဟာ NUG/MODနဲ့ မဟာမိတ်များ ပူး​ပေါင်း​ဖော်​ဆောင်ထားတဲ့ ကွပ်ကဲမှုစနစ် ဖြစ်ပါတယ်။ လတ်တ​လော နိုင်ငံအနှံ ​ပေါက်​ပေါ်​နေတဲ့ အ​ရေးကြီးတဲ့ တိုက်ပွဲ​တွေဟာ ဒီChain Of Command​အောက်က သွား​နေတာ ဖြစ်ပါတယ်။

အရပ်ဖက်ကွပ်ကဲမှုကို NUG/MODက တာဝန်ယူပြီး စစ်​ရေးဦး​ဆောင်မှုကို မဟာမိတ် စစ်​ရေးကျွမ်းကျင်သူများက တာဝန်ယူပါတယ်။ဒေသတိုင်း၊တိုက်ပွဲတိုင်း၊တပ်ဖွဲ့ တိုင်းဆီကို ဒီ Chain Of Command​ရောက်ရှိဖို့ ကျွန်​တော်တို့ မနားမ​နေ ကြိုးစား​​နေပါတယ်။

စစ်​မြေပြင် တစ်​နေရာမှာ ကိုယ့်ရဲ​ဘော်​တွေ ထိခိုက်တယ်၊ကျဆုံးတယ်ဆိုတဲ့ သတင်းကြားတိုင်း NUGအ​ပေါ် အားမလို အားမရ ဖြစ်ကြတဲ့အ​ပေါ် ကျွန်​တော်တို့ ​ကောင်း​ကောင်း နားလည်ပါတယ်။NUGဘာလုပ်​နေသလဲလို့ ပြစ်တင်​မောင်းမဲကြတာ​တွေ (အထူးသဖြင့် ဆိုရှယ်မီဒီယာမှာ)ကိုလည်း ကျွန်​တော်တို့ အ​လေးအနက်ထားပါတယ်။

သို့​သော် စစ်မဟာဗျူဟာနဲ့ စီမံချက်များဟာ စစ်​ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ဖြစ်တဲ့အတွက် အားလုံး အသိ​ပေး ရှင်းပြခြင်း မပြုနိုင်တဲ့အ​ပေါ် နားလည်​ပေးဖို့ ​ပန်ကြားပါတယ်။

ကိုယ့်ရဲ့ လူအင်အား၊ရန်ပုံ​ငွေအင်အား၊ လက်နက်အင်အားသည်ပင် လျှို့ဝှက်အပ်တဲ့ အရာ ဖြစ်ပါတယ်။NUG/MODအ​နေနဲ့ ကိုယ့်ရှိတဲ့ Resources အားလုံးကို အကျိုးအရှိဆုံး အထိ​ရောက်ဆုံးဖြစ်​အောင် စီမံခန့်ခွဲ သုံးစွဲ​နေတယ်ဆိုတာလည်း အသိ​ပေးလိုပါတယ်။

အခုဆိုရင် Regular PDF တပ်ရင်းများ ရာနဲ့ချီပြီး စနစ်ကျတဲ့ Chain Of Command ​အောက်မှာ ဖွဲ့စည်းထူ​ထောင်ပြီး ဖြစ်သလို လက်နက်တပ်ဆင်မှုကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မျှမျှတတဖြစ်​အောင် စီမံ​ဆောင်ရွက်​နေပါတယ်။တချိန်တည်းမှာပဲ စစ်မဟာဗျူဟာအရ စစ်​ရေးစီမံချက်အရ ဦးစား​ပေးတပ်ဆင်ရတဲ့ ​ဒေသ​တွေ ရှိဆိုတာလည်း အစီရင်ခံလိုပါတယ်။

စစ်တိုက်တဲ့အခါ လက်နက်ဟာ မရှိမဖြစ် လိုအပ်​ပေမယ့် လက်နက်ရှိတိုင်း စစ်တိုက်လို့ ရတာ​တော့ မဟုတ်ပါဘူး။အမိန့်​ပေး ကွပ်ကဲမှုစနစ် Chain Of Commandတည်​ဆောက်မှု ၊မဟာမိတ်​တွေရဲ့ နားလည်ယုံကြည်မှုနဲ့ ပူးပေါင်း​ဆောက်ရွက်မှု၊​ထောက်ပို့နဲ့ ဆက်သွယ်​ရေးယန္တရား တည်​ဆောက်မှု၊ ဗျူဟာ​မြောက် ဟန်ချက်ညီ ​ဆောင်ရွက်နိုင်မှု​တွေဟာ အလွန် အ​ရေးကြီးပါတယ်။

အခုဆိုရင် PDFတပ်ဖွဲ့ ဝင်​တွေဟာ မဟာမိတ်ရဲ​ဘော်​တွေနဲ့ လက်တွဲပြီး စစ်​မြေပြင်မှာ လက်​တွေ့တိုက်ပွဲဝင်​နေကြပြီ ဖြစ်သလို တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်​နေနဲ့ PDFတပ်ရင်းတပ်ဖွဲ့​တွေလည်း အ​မြောက်အမြား ရှိ​နေပါပြီ။

တစ်ဖက်မှာ သမိုင်းတ​လျှောက် မကြုံဖူးတဲ့ ပြည်သူ့​ထောက်ခံပါဝင်မှု၊ ​တော်လှန်​ရေးအင်အားစုများအကြား မကြုံဖူးတဲ့ အမျိုးသား စုစည်းညီညွတ်မှုကို တည်​ဆောက်ထားနိုင်တဲ့ အ​ခြေအ​နေမှာ ဒီ​တော်လှန်​ရေး မုချ​အောင်မယ်လို့ ကျွန်​တော်တို့ ယုံကြည်ပါတယ်။

NUGအ​နေနဲ့လည်း ရိုး​ဖြောင့်​သော စိတ်နှလုံးနဲ့ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ မခိုမကပ် အလုပ်လုပ်​နေတယ်ဆိုတာလည်း အသိ​ပေးလိုပါတယ်။

စစ်​ကောင်စီရဲ့ အကြမ်းဖက် နှိပ်စက်မှုကို အပြင်းအထန် ခံ​နေရတဲ့ ပြည်သူ​တွေ၊ စစ်​မြေပြင်မှာ အသက်စွန့် တိုက်ပွဲဝင်​နေတဲ့ ​တော်လှန်​ရေးရဲ​ဘော်​တွေ အားတက်​စေမယ့်စကား၊ ​တော်လှန်စစ်အတွက် အကျိုးရှိ​ရ​စေမယ့်စကားကို များများဆို​စေလိုပါတယ်။

NUG၊PDFနဲ့ မဟာမိတ်​တွေကို အချိန်တစ်ခု ​ပေးပါ၊မိတ်​ဆွေတို့ ​မျှော်လင့်တဲ့ ရလဒ်များကို သူတို့ ရယူ​ပေးပါလိမ့်မယ်။စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ခွင့် မရ​စေရဘူးဆိုတာ ကတိပြုပါတယ်။

ရဲ​ဘော်များ၊မိတ်​ဆွေများရဲ့ ​လေးနက်​သော အကြံပြု တိုက်တွန်းချက်များအ​ပေါ်မှာလည်း နာခံ​ဆောင်ရွက်သွားဖို့ အသင့် ရှိ​ကြောင်းပါ။

ရည်မွန်
၂၅ဒီဇင်ဘာ၂၀၂၁။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.