Local News

Omicron ဗိုင်းရပ်စ်ဟာ အလင်းရဲ့ မြန်နှုန်းမျိုးနဲ့ ပျံ့နှံ့နေတယ်လို့ ပြင်သစ် ဝန်ကြီးချုပ် သတိပေ

Omicron ဗိုင်းရပ်စ်ဟာ အလင်းရဲ့ မြန်နှုန်းမျိုးနဲ့ ပျံ့နှံ့နေတယ်လို့ ပြင်သစ် ဝန်ကြီးချုပ် သတိပေး

Omicron မျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ အလင်းရဲ့ မြန်နှုန်းမျိုးနဲ့ လျင်လျင်မြန်မြန် ပျံ့နှံ့နေတယ်လို့ ပြင်သစ် ဝန်ကြီးချုပ်က သတိပေး ပြောကြားလိုက်ပါတယ်။

ဝန်ကြီးချုပ် ဂျင်း ကက်စ်တက်စ်က ပြင်သစ်မှာ ခရီးသွားလာမှု ကန့်သတ် တင်းကြပ်တဲ့ အစီအမံတွေ မစတင်ခင် နာရီပိုင်းအလို ဒီဇင်ဘာ ၁၇ ရက်မှာ အခုလို ပြောဆိုခဲ့တာပါ။

အိမ်နီးချင်း ဗြိတိန် နိုင်ငံဟာ ဥရောပမှာ Omicron ကူးစက်မှုတွေ အဆိုးဆုံး နေရာတစ်ခု ဖြစ်လာတဲ့နောက် ပြင်သစ်က ဗြိတိန်နဲ့ အသွားအလာ ကန့်သတ်ထားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၈ ရက်က ဗြိတိန်မှာ Omicron ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာ တစ်သောင်းခွဲ နီးပါးထိ တွေ့ရှိခဲ့ပါတယ်။ ဥရောပ တနံတလျားမှာလည်း နိုင်ငံ အစိုးရ အသီးသီးက နောက်ထပ် ကူးစက်မှုတွေ မြင့်တက်လာမယ့် အခြေအနေတွေအတွက် ကြိုတင် တွေးတော ပြင်ဆင်နေကြရပါတယ်။

ဝန်ကြီးချုပ် ကက်စ်တက်စ်က ပြင်သစ်မှာ ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်သူ သန်းနဲ့ချီ များပြားနေပြီး ဒီလုပ်ရပ်က တခြားသူတွေရဲ့ အသက်အန္တရာယ်ကိုပါ ထိပါး သက်ရောက်စေနိုင်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

Omicronရဲ့ ကူးစက်မှု မြန်နှုန်းဟာ အလင်းလို လျင်မြန်လွန်းပြီး လုံးဝ မပေါ့ဆသင့်ဘူးလို့လည်း သူက ဆိုတယ်။ ပြင်သစ်ဟာ နှစ်သစ်ကူးအကြို မီးရှူးမီးပန်း ပစ်ဖောက်တဲ့ အစီအစဉ်တွေကိုလည်း ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကိုဗစ်ရောဂါ ကူးစက်မှု လှိုင်းအသစ်တစ်ခု စတင်လာတာမျိုး ကြုံနေတဲ့ ဂျာမနီမှာလည်း ကျန်းမာရေးဝန်ကြီး ကားလ် လော်တာဘက်ချ်က တစ်နိုင်ငံလုံး အနေနဲ့ အရင်က မကြုံဖူးသေးတဲ့ စိန်ခေါ်မှုမျိုးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမှာ ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

နယ်သာလန်မှာ ဆိုရင်လည်း တင်းကျပ်တဲ့ Lockdown အစီအမံတွေ ပြန်လည် ကျင့်သုံးဖို့ ကျန်းမာရေး ဝန်ကြီးဌာနက စဉ်းစားနေပြီ ဖြစ်ပါတယ်။ အိုင်ယာလန်မှာတော့ အသစ်ဖြစ်ပွားတဲ့ ကိုဗစ်ရောဂါ ကူးစက်မှု အားလုံးရဲ့ သုံးပုံတစ်ပုံလောက်ဟာ Omicron မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်လို့ အတည်ပြု တွေ့ရှိထားကြောင်း သိရပါတယ်။

People’sSpring

Zawgyi

Omicron ဗိုင္းရပ္စ္ဟာ အလင္းရဲ႕ ျမန္ႏႈန္းမ်ိဳးနဲ႔ ပ်ံ႕ႏွံ႔ေနတယ္လို႔ ျပင္သစ္ ဝန္ႀကီးခ်ဳပ္ သတိေပး

Omicron မ်ိဳးကြဲသစ္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြဟာ အလင္းရဲ႕ ျမန္ႏႈန္းမ်ိဳးနဲ႔ လ်င္လ်င္ျမန္ျမန္ ပ်ံ႕ႏွံ႔ေနတယ္လို႔ ျပင္သစ္ ဝန္ႀကီးခ်ဳပ္က သတိေပး ေျပာၾကားလိုက္ပါတယ္။

ဝန္ႀကီးခ်ဳပ္ ဂ်င္း ကက္စ္တက္စ္က ျပင္သစ္မွာ ခရီးသြားလာမႈ ကန္႔သတ္ တင္းၾကပ္တဲ့ အစီအမံေတြ မစတင္ခင္ နာရီပိုင္းအလို ဒီဇင္ဘာ ၁၇ ရက္မွာ အခုလို ေျပာဆိုခဲ့တာပါ။

အိမ္နီးခ်င္း ၿဗိတိန္ ႏိုင္ငံဟာ ဥေရာပမွာ Omicron ကူးစက္မႈေတြ အဆိုးဆုံး ေနရာတစ္ခု ျဖစ္လာတဲ့ေနာက္ ျပင္သစ္က ၿဗိတိန္နဲ႔ အသြားအလာ ကန္႔သတ္ထားဖို႔ ဆုံးျဖတ္လိုက္တာ ျဖစ္ပါတယ္။

ဒီဇင္ဘာ ၁၈ ရက္က ၿဗိတိန္မွာ Omicron ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့ လူနာ တစ္ေသာင္းခြဲ နီးပါးထိ ေတြ႕႐ွိခဲ့ပါတယ္။ ဥေရာပ တနံတလ်ားမွာလည္း ႏိုင္ငံ အစိုးရ အသီးသီးက ေနာက္ထပ္ ကူးစက္မႈေတြ ျမင့္တက္လာမယ့္ အေျခအေနေတြအတြက္ ႀကိဳတင္ ေတြးေတာ ျပင္ဆင္ေနၾကရပါတယ္။

ဝန္ႀကီးခ်ဳပ္ ကက္စ္တက္စ္က ျပင္သစ္မွာ ကာကြယ္ေဆးထိုးဖို႔ ျငင္းဆန္သူ သန္းနဲ႔ခ်ီ မ်ားျပားေနၿပီး ဒီလုပ္ရပ္က တျခားသူေတြရဲ႕ အသက္အႏၲရာယ္ကိုပါ ထိပါး သက္ေရာက္ေစႏိုင္တယ္လို႔ ေဝဖန္ခဲ့ပါတယ္။

Omicronရဲ႕ ကူးစက္မႈ ျမန္ႏႈန္းဟာ အလင္းလို လ်င္ျမန္လြန္းၿပီး လုံးဝ မေပါ့ဆသင့္ဘူးလို႔လည္း သူက ဆိုတယ္။ ျပင္သစ္ဟာ ႏွစ္သစ္ကူးအႀကိဳ မီး႐ွဴးမီးပန္း ပစ္ေဖာက္တဲ့ အစီအစဥ္ေတြကိုလည္း ဖ်က္သိမ္းဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

ကိုဗစ္ေရာဂါ ကူးစက္မႈ လိႈင္းအသစ္တစ္ခု စတင္လာတာမ်ိဳး ၾကဳံေနတဲ့ ဂ်ာမနီမွာလည္း က်န္းမာေရးဝန္ႀကီး ကားလ္ ေလာ္တာဘက္ခ်္က တစ္ႏိုင္ငံလုံး အေနနဲ႔ အရင္က မၾကဳံဖူးေသးတဲ့ စိန္ေခၚမႈမ်ိဳးကို ရင္ဆိုင္ဖို႔ ျပင္ဆင္ထားရမွာ ျဖစ္ေၾကာင္း သတိေပးခဲ့ပါတယ္။

နယ္သာလန္မွာ ဆိုရင္လည္း တင္းက်ပ္တဲ့ Lockdown အစီအမံေတြ ျပန္လည္ က်င့္သုံးဖို႔ က်န္းမာေရး ဝန္ႀကီးဌာနက စဥ္းစားေနၿပီ ျဖစ္ပါတယ္။ အိုင္ယာလန္မွာေတာ့ အသစ္ျဖစ္ပြားတဲ့ ကိုဗစ္ေရာဂါ ကူးစက္မႈ အားလုံးရဲ႕ သုံးပုံတစ္ပုံေလာက္ဟာ Omicron မ်ိဳးကြဲ ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္လို႔ အတည္ျပဳ ေတြ႕႐ွိထားေၾကာင္း သိရပါတယ္။

People’sSpring

About the author

admin

Add Comment

Click here to post a comment