Local News

PDF တစ်ဦးချင်းစီအတွက် ရိက္ခာဖိုး NUGက စတင်ထောက်ပံ့

PDF တစ်ဦးချင်းစီအတွက် ရိက္ခာဖိုး NUGက စတင်ထောက်ပံ့

ဒီဇင်ဘာ၃၊ကရင်ပြည်နယ်

NUG အစိုးရက PDF တွေကို ထောက်ပံ့တဲ့ အစီအစဉ်တစ်ရပ်အဖြစ် တပ်သားတစ်ယောက်ကို တစ်နေ့ကို နှစ်ထောင်ကျပ်နှုန်း စတင်ထောက်ပံ့နေပြီလို့ သိရပါတယ်။

“ပြီးခဲ့တဲ့ရက်ကပဲ ကျနော်တို့တပ်ရင်းအတွက် ရိက္ခာဖိုးထုတ်ယူပြီးပါပြီ။ တပ်ရင်းထဲမှာ ရှိတဲ့လူဦးရေ အလိုက် ရရှိတာဖြစ်ပါတယ်။ တစ်ယောက်ကို ၂၀၀၀နှုန်းနဲ့ပါ။ နောက်ပိုင်းမှာလဲ လက်နက်တပ် ဆင်ရေးအစီအစဉ် ထပ်လာမယ်လို့မျှော်လင့်ရပါတယ် ”လို့

PDF တပ်ထဲမှာရောက်နေတဲ့ တကသကျောင်းသားခေါင်းဆောင် ဟောင်း ကိုဇေယျာလွင်က သူ့ ဖေ့စ်ဘုခ်စာမျက်နှာကနေ အတည်ပြုပြောထားတာကို တွေ့ရပါတယ်။

ဓတ်ပုံ ခရက်ဒစ်- ဇေယျာလွင် ဖေ့စ်ဘုခ်

Burma VJ

Zawgyi


ဒီဇင်ဘာ၃၊ကရင်ပြည်နယ်





Burma VJ

Recent Comments

No comments to show.