Local News

PDF များ နယ်မြေစိုးမိုးနေသည့် စစ်ကိုင်းတိုင်းတွင် ဝါဒဖြန့် စာရွက်များ ရဟတ် ယာဉ်များဖြင့် အကြမ်းဖက်စစ်တပ်က ကျဲချ

PDF များ နယ်မြေစိုးမိုးနေသည့် စစ်ကိုင်းတိုင်းတွင် ဝါဒဖြန့် စာရွက်များ ရဟတ် ယာဉ်များဖြင့် အကြမ်းဖက်စစ်တပ်က ကျဲချ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

PDF များ နယ်မြေစိုးမိုးမှု ကြီးမားလာနေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များသို့ လေကြောင်း ရဟတ် ယာဉ်ဖြင့် ဝါဒဖြန့် စာရွက်များကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ န့နက်ပိုင်းမှ စတင်ကျဲချနေကြောင်း ယင်းမာပင်PDF နှင့် ဒေသခံများပြည်သူများ ပြောဆိုသည်။

“ယနေ့တွင်စစ်ကောင်စီမှကနီမြို့နယ်မြောက်ဘက်အခြမ်းသို့ ၂ နာရီ အချိန်ခန့်တွင် စစ်ကောင်စီဘက်က ဝါဒဖြန့်ဘာသာရေးမှိုင်းတိုက်လက်ကမ်းစာစောင်များအားရဟတ်ယာဥ်ဖြင့် ကြဲချသွားပါကြောင်း” ဟု ယင်းမာပင် PDF က ပြောသည်။


ယင်းမာပင် PDFက လက်ကမ်းစာစောင်များကို မိန်းမဉာဏ်ဖြင့်ကျဲချမည့်အစား လက်ဆင့်ကမ်းပေးဝေစေချင်ကြောင်း ပြောဆိုထားသည်။

အလားတူ ကနီမြို့နယ်ဘက်တွင်လည်း စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ကျဲချသွားသည့် ဝါဒဖြန့် စာရွက်များကို ရရှိကြောင်း ဒေသခံများက ပြောဆိုသည်။

“စစ်တပ် ဘယ်လောက် ယုတ်မာတယ်ဆိုတာ ကျနော်တို့ကိုယ်တိုင် မြင်တွေ့ပြီးပြီ။ ရွာတွေဝင်တယ်။ လုတယ်။ ခိုးတယ်။ ဖျက်ဆီးတယ်။ သတ်တယ်။ ရိုက်တယ်၊ နှက်တယ်။ တစ်ရွာလုံး‌ ပြေးရတယ်။


သက်ကြီးရွယ်အို အမျိုးသမီး ကလေး မရှောင်ဘူး အကုန် သတ်ဖြတ် ရိုက်နှက်နေတာ။ သူတို့ ပေးတဲ့ ဒုက္ခ ကျနော်တို့ ခံစားနေရတာပဲ။

ဒီလို စာရွက်တွေ လာကျဲလည်း အပိုပဲ။ ကျနော်တို့က အဆုံးအထိ သွားမယ်” ဟု ကနီဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်း၊ ကနီ၊ ယင်းမာပင်၊ ဒီပဲယင်း၊ ပင်လည်ဘူး၊ ကသာ၊ ကောလင်း၊

ချောင်းဦး၊ ရေဦး အပါအဝင် မြို့နယ်များတွင် အထိနာနေကာ သေဆုံးမှုအများအပြား ကြုံတွေ့နေရကြောင်း သိရှိရသည်။

Zawgyi

PDF မ်ား နယ္ေျမစိုးမိုးေနသည့္ စစ္ကိုင္းတိုင္းတြင္ ဝါဒျဖန္႔ စာ႐ြက္မ်ား ရဟတ္ ယာဥ္မ်ားျဖင့္ အၾကမ္းဖက္စစ္တပ္က က်ဲခ်

ရန္ကုန္၊ ႏိုဝင္ဘာ ၃၀

PDF မ်ား နယ္ေျမစိုးမိုးမႈ ႀကီးမားလာေနသည့္ စစ္ကိုင္းတိုင္းအတြင္း႐ွိ ၿမိဳ႕နယ္မ်ားသို႔ ေလေၾကာင္း ရဟတ္ ယာဥ္ျဖင့္ ဝါဒျဖန္႔ စာ႐ြက္မ်ားကို အၾကမ္းဖက္စစ္ေကာင္စီက ယေန႔ န႔နက္ပိုင္းမွ စတင္က်ဲခ်ေနေၾကာင္း ယင္းမာပင္PDF ႏွင့္ ေဒသခံမ်ားျပည္သူမ်ား ေျပာဆိုသည္။

“ယေန႔တြင္စစ္ေကာင္စီမွကနီၿမိဳ႕နယ္ေျမာက္ဘက္အျခမ္းသို႔ ၂ နာရီ အခ်ိန္ခန္႔တြင္ စစ္ေကာင္စီဘက္က ဝါဒျဖန္႔ဘာသာေရးမိႈင္းတိုက္လက္ကမ္းစာေစာင္မ်ားအားရဟတ္ယာဥ္ျဖင့္ ႀကဲခ်သြားပါေၾကာင္း” ဟု ယင္းမာပင္ PDF က ေျပာသည္။

ယင္းမာပင္ PDFက လက္ကမ္းစာေစာင္မ်ားကို မိန္းမဉာဏ္ျဖင့္က်ဲခ်မည့္အစား လက္ဆင့္ကမ္းေပးေဝေစခ်င္ေၾကာင္း ေျပာဆိုထားသည္။

အလားတူ ကနီၿမိဳ႕နယ္ဘက္တြင္လည္း စစ္ေကာင္စီက ရဟတ္ယာဥ္ျဖင့္ က်ဲခ်သြားသည့္ ဝါဒျဖန္႔ စာ႐ြက္မ်ားကို ရ႐ွိေၾကာင္း ေဒသခံမ်ားက ေျပာဆိုသည္။

“စစ္တပ္ ဘယ္ေလာက္ ယုတ္မာတယ္ဆိုတာ က်ေနာ္တို႔ကိုယ္တိုင္ ျမင္ေတြ႕ၿပီးၿပီ။ ႐ြာေတြဝင္တယ္။ လုတယ္။ ခိုးတယ္။ ဖ်က္ဆီးတယ္။ သတ္တယ္။ ႐ိုက္တယ္၊ ႏွက္တယ္။ တစ္႐ြာလုံး‌ ေျပးရတယ္။

သက္ႀကီး႐ြယ္အို အမ်ိဳးသမီး ကေလး မေ႐ွာင္ဘူး အကုန္ သတ္ျဖတ္ ႐ိုက္ႏွက္ေနတာ။ သူတို႔ ေပးတဲ့ ဒုကၡ က်ေနာ္တို႔ ခံစားေနရတာပဲ။

ဒီလို စာ႐ြက္ေတြ လာက်ဲလည္း အပိုပဲ။ က်ေနာ္တို႔က အဆုံးအထိ သြားမယ္” ဟု ကနီေဒသခံတစ္ဦးက ေျပာသည္။

စစ္ေကာင္စီတပ္မ်ားသည္ စစ္ကိုင္းတိုင္း၊ ကနီ၊ ယင္းမာပင္၊ ဒီပဲယင္း၊ ပင္လည္ဘူး၊ ကသာ၊ ေကာလင္း၊

ေခ်ာင္းဦး၊ ေရဦး အပါအဝင္ ၿမိဳ႕နယ္မ်ားတြင္ အထိနာေနကာ ေသဆုံးမႈအမ်ားအျပား ၾကဳံေတြ႕ေနရေၾကာင္း သိ႐ွိရသည္။

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.