Local News

PDF အဖွဲ့ဝင်လူငယ်လေးတစ်ဦး၏ရေးသားထားခဲ့သည့် သေတမ်းစာ

PDF အဖွဲ့ဝင်လူငယ်လေးတစ်ဦး၏ရေးသားထားခဲ့သည့် သေတမ်းစာ

“ ရှေ့တန်းရောက်နေပြီဆိုတော့ ဘဝကမသေချာတော့ဘူး သူငယ်ချင်းတို့ ၊ ငါအသက်ရှင်နေသရွေ့တော့ တော်လှန်နေအုံးမှာပဲ၊ ငါကြောက်တာတစ်ခုက သေမှာမဟုတ်ဘူး၊ ငါသေသွားလို့ ဒီတော်လှန်ရေးမအောင်မြင်တော့မှာကိုစိုးတယ်။

အခုဆိုသွေးအေးသွားကြတဲ့လူတွေအများကြီး၊ငါတို့မှာလည်းမိဘတွေ ကိုယ်ချစ်တဲ့သူတွေကိုထားခဲ့ရပြီးတိုင်ပြည်အတွက်ကာကွယ်ပေးနေကြတာ၊ အဆုံးထိ ဖတ်ကျမယ်မထင်တော့ဘူး..ငါတို့တွေအင်အားတစ်ခုနဲ့ပါဝင်ပေးကြမယ်ဆိုရင်

ငါတို့ဘေးမှာကျသွားတဲ့ ညီငယ်လေးတွေကိုမဆုံးရှုံးရတော့ဘူး၊ဒါပေမဲ့ အားလုံးပါဝင်ပေးကြပါလို့တောင်းဆိုတာဟာ မဖြစ်နိူင်တဲ့အရာတစ်ခုပါကွာ၊ ငါတိုက်ပွဲမှာကျသွားခဲ့ရင် ငါ့မိဘကိုဆောင့်ရှောက်ပေးပါ

အလှူငွေတွေထည့်ပြီးလှူပေးပါလို့ငါမတောင်းဆိုဘူး၊ ငါတောင်းဆိုချင်တာတစ်ခု ဒီပွဲကိုနိူင်အောင်တိုက်ပေးကြပေးပါ။ အခုတစ်ချိူ့ဆိုပုံမှန်အလုပ်လေးတွေပြန်လုပ် ကျောင်းတတ်သူကတတ် ၊ ရုံးတတ်သူကတတ်၊ ကလပ်သွားလိုက်၊

ဘားသွားလိုက်နဲ့ ဖြစ်ကုန်ကြပြီဟာ၊ အဲ့တာတွေမြင်ရတာ တောထဲရောက်နေတဲ့ ငါတို့စိတ်မကောင်းဘူး” ဆိုပြီး ရေသားထားတာကိုပြန်လည်ဖော်ပြပေးခြင်းသာဖြစ်သည်။

Ref MC Club