လူရွှင်တော်ဝတ်စုံ ပြန်လည်ဝတ်ခွင့်ရတော့မှာကြောင့်ဝမ်းသာနေတဲ့ လူရွှင်တော် ပိုးလေး

လူရွှင်တော်ဝတ်စုံ ပြန်လည်ဝတ်ခွင့်ရတော့မှာကြောင့်ဝမ်းသာနေတဲ့ လူရွှင်တော် ပိုးလေး

ပရိသတ်ကြီးရေ ဟားငါးကောင်အဖွဲ့ ဟာဆိုရင်တော့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ သူငယ်ချင်းညီအစ်ကိုလို ချစ်ခင်ရတဲ့အဖွဲ့ဝင် ငါးယောက်နဲ့ ဖွဲ့စည်းထားပါတယ်။

ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုခံရပြီးနောက် မိသားစုနဲ့ခွဲခွာပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာဆိုရင် အတော်လေးကြာမြင့်နေပြီပဲ ဖြစ်ပါတယ်။

တောထဲမှာ အခက်အခဲတွေများစွာရှိပေမယ့်လဲ သူတို့ရဲ့တော်လှန်ရေးစိတ်ဓာတ်တွေဟာ အခုချိန်ထိခိုင်မာနေဆဲပဲဖြစ်ပါတယ်။

ပြည်သူချစ်အနုပညာရှင်များဖြစ်ကြတဲ့ ဟားငါးကောင်အဖွဲ့ကတော့ အမှန်တရားအတွက် လွတ်မြောက်နယ်မြေမှာ တိုက်ပွဲဝင်နေပါတယ်။

ဒါအပြင် အားတဲ့အချိန်လေးတွေမှာလဲ ပြည်သူတွေအမောပြေစေဖို့ ဟာသပျက်လုံးတွေနဲ့လဲ တင်ဆက်ပေးတတ်ပါသေးတယ်။

သူတို့ချစ်တဲ့အနုပညာကို စွန့်လွှတ်ပြီး တော်လှန်ရေးအတွက် ကြိုးစားနေတဲ့ စိတ်ဓာတ်လေးတွေဟာ အရမ်းကိုလေးစားစရာကောင်းပါတယ်။

လူရွှင်တော် ပိုးလေး ကတော့ မကြာခင်လူရွှင်တော်ဝတ်စုံ ပြန်လည်ဝတ်ဆင်ခွင့်ရတော့မှာကြောင့် ပျော်နေတဲ့အကြောင်းကို သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ‌ရေးသားထားတာကို တွေ့ရပါတယ်။

ကဲ…စာဖတ်ပရိသတ်ကြီးရေ လူရွှင်တော် ပိုးလေး ကတော့ မကြာခင်လူရွှင်တော် ဝတ်စုံပြန်လည်ဝတ်ဆင်ခွင့် ရတော့မှာကြောင့် ပျော်နေပါပြီတဲ့နော်။

ချစ်တဲ့ပရိသတ်တွေကလဲ စောင့်မျှော်အားပေးလိုက်ပါအုန်းနော်။

Crd

Leave a Reply

Your email address will not be published.