
Project Dragonfly ဟာ တစိတ်တပိုင်း ခရီးရောက်နေပါပြီ လိုပြောလာတဲ့ပန်ဆယ်လို
Project Dragonfly ကိစ္စက ကိုယ်တို့အနေနဲ့ ကျဉ်းထဲကျပ်ထဲက ကိစ္စပဲ။ ငွေကောက်ခံတဲ့ကိစ္စ၊ ငွေလွှဲပြောင်းရေးကိစ္စ၊ ဝယ်ယူရေးကိစ္စ၊ ကိစ္စအားလုံးဟာ မြေပြင်အခြေအနေမှာ ဘာပြသနာမှ ရှိမထားဘဲ ချီတက်နေတယ်။
ကိုယ်တွေရဲ့ ပြသနာက ဒါမျိုးပစ္စည်းကိစ္စမျိုးကို လိုင်းပေါ်မှာ တက်ကြွယ်၊ Live လွှင့်၊ ဂုဏ်ဆာပြလို့ မရတာပဲ။ ဒါကိုသိတဲ့ အောက်တန်းကျတဲ့ ပူးသတ်အချို့က ကိုယ်တို့ရဲ့ ထုတ်ပြောမရတဲ့ အခြေအနေကို နင်းပြီး တိုက်ခိုက်တယ်၊ စွတ်စွဲတယ်၊ ပြသနာရှာတယ်။
ရည်ရွယ်ချက်က ကိုယ်တို့ဘက်က သည်းမခံနိုင်လို့ ထပြောရင် စကားကျွံပြီး စကစအတွက် သတင်းနှိုက်ထုတ်လို့ ရစေချင်တယ်၊ ကိုယ်တွေက သတင်းပေါက်မှာစိုးလို့ ငြိမ်နေရင် ကိုယ်တွေကို တစ်ယောက်အထင်လွဲလည်း မနည်းဘူးဆိုတဲ့ သဘောမျိုး။
အဲ့တော့ အပြောနိုင်ဆုံးစကားကို အမြင့်ဆုံးထုတ်ပြောပါမယ်။ Project Dragonfly ဟာ တစိတ်တပိုင်း ခရီးရောက်နေပါပြီ။ အချို့လည်း အောင်မြင်နေပါပြီ။
ဘာအမျိုးအစားတွေဖြစ်တယ်၊ ဘယ်လမ်းကြောင်းနဲ့ ဘယ်နေရာအထိ ရောက်နေပြီ၊ ဘယ်နေ့ ဘယ်ကို ရောက်မယ်၊
ဘယ်ဒေသကို ဘယ်လိုသယ်မယ်၊ ဘယ်ဒေသမှာ ဘယ်လိုထားမယ်တွေကတော့ ဘယ်တော့မှ ပြောမှာ မဟုတ်ပါဘူး။
ဒီပစ္စည်းမျိုးတွေဟာ လမ်းထိပ်ကွမ်းယာဆိုင်မှာ ဝယ်လို့ရတဲ့ ပါရာစီတမော မဟုတ်ဘူး။ Live လွှင့် ဂုဏ်ဆာလို့ရအောင် Sexy Model ရဲ့ ဖျင်လည်း မဟုတ်ဘူး။
Project Dragonfly ကို တိုက်ခိုက်ပြီး သတင်းနှိုက်၊ ပြသနာရှာနေတဲ့ မြတ်အောင်(ခေါ်) ဇီးရိုးဟာ မြေပြင်PDFတစ်ယောက်လည်း မဟုတ်သလို တော်လှန်ရေးမှာ ဘယ်နေရာက ပါဝင်နေလဲတော့ ကိုယ်လည်း အတိအကျမသိဘူး။
မြေပြင်က လူပါ တွင်တွင်ပြောတယ်။ PDF လားဆိုတော့ မဟုတ်ဘူးတဲ့။ မရှိတဲ့ ဇာတ်ကောင်တစ်ယောက် ဖန်တီးပြီး ကရင်နီနယ်မြေမှာ NUG က သတ်ပါတယ် ဖွလို့ ကရင်နီနယ်မြေခံPDF တွေ ထရှင်းတာ သိပ်မကြာသေးဘူး။ စကစကို တော်လှန်နေပါတယ်ဆိုပြီး NUG ကို တစိုက်မတ်မတ်တိုက်ခိုက်တဲ့ အလုပ်ပဲ လုပ်နေတာပဲ မြင်ရတယ်။
လူတစ်ရာကျော် သက်သေရှိတဲ့ Meeting တစ်ခုမှာ ကိုယ်မပြောခဲ့တဲ့ PDFတွေကို မလှူနဲ့ဆိုတဲ့စကားကို ဖွတယ်။ ကိုယ်က ဖြေရှင်းတော့ သက်သေမပြနိုင်ဘဲ အောက်လုံးထိုးတယ်။ ကိုယ့်ကို ပလိန်းကြီး တိုက်ခိုက်နေတဲ့ အကြောင်းပြချက်က သူအလှူငွေတောင်းတာကို မပေးလို့တဲ့။
အဲ့တော့ကာ ဖောင်းထုတယ်၊ စိန်ခေါ်တိုင်း လျှောချသွားတဲ့ မြတ်အောင်ကို ဒီတစ်ခေါက်လည်း ထပ်စိန်ခေါ်ရပြန်ဦးမယ်။
Project Dragonfly ဟာ Project စချိန်ကနေ အခုထိ သုံးလပဲ ရှိပါသေးတယ်။ သုံးလမှာ ဆောင်ရွက်သင့်တဲ့ ကိစ္စအားလုံးကို ဆောင်ရွက်ထားပါတယ်။ ဒီအချိန်သုံးလအတွင်းမှာ ဖြစ်စရာရှိတာလည်း ဖြစ်နေပြီ။
မြတ်အောင်အနေနဲ့ ဒီအခြေအနေကို အားမရဘူး၊ သုံးလအတွင်း ဒီလို ကန့်သတ်ပစ္စည်းတွေ လက်ဝယ်ရောက်ကို ရောက်ရမယ်၊ မရောက်ရင် လိမ်တာလို့ ယူဆရင်
မြတ်အောင်ကိုယ်တိုင် သုံးလအတွင်း ဒီပစ္စည်းတွေ လက်ဝယ်ရအောင် ဝယ်နိုင်ရင် 2.2 Millions အပြင် အပိုဒေါ်လာသုံးသိန်းထပ်ဆောင်းပြီး ရော့ပတ္တမြား၊ ရော့နဂါး ငွေပေးချေပါမယ်။
အကယ်၍ မြတ်အောင်အပြင် အခြားစွမ်းဆောင်နိုင်သူရှိရင်လည်း ကြွခဲ့ပါ။ ဒီထက်လည်း မပွင့်လင်းတတ်၊ မပြောတတ်တော့တာမို့ ဒါစကားကုန်ပါပဲ။
Project Dragonfly ကို မဟုတ်မမှန် တိုက်ခိုက်ပြီးထပ်သတင်းနှိုက်မယ့်အစား အစွမ်းအစရှိရင် ကိုယ့်ဖာသာ 2.2 Millions ထပ်အလှူငွေရှာ၊ ကိုယ့်ဖာသာ ဝယ်လိုက်ပါ။
ဒီလောက်ပါပဲ။