Project NAN HTIKE AUNG ရဲ့ Campaign Day 1 စတင်ပါပြီ

Project NAN HTIKE AUNG ရဲ့ Campaign Day 1 စတင်ပါပြီ။

Project NAN HTIKE AUNG ဆိုတာက မြို့ပြပျေက်ကျားစစ်ဆင်ရေး အရှိန်မြှင့်တင်ဖို့အတွက် ရန်ပုံငွေရှာဖွေရေး Project တစ်ခုဖြစ်ပါတယ်။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊

စစ်ဒေသကွပ်ကဲရေးအဖွဲ့နဲ့ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး မြို့ပြပျောက်ကျားများကို ထောက်ပံ့ဖို့၊ စစ်ရေးအရှိန်မြှင့်တင်ဖို့အတွက် ရည်ရွယ်ပြုလုပ်တဲ့ Fundraising Project တစ်ခုဖြစ်ပါတယ်။

မြို့ပြပျောက်ကျားတွေဟာ ဖမ်းဆုပ်ဖို့ မြင်နိုင်ဖို့ ခက်ခဲပါတယ်။ ကူညီဖို့လည်း လုံခြုံရေးအရ ခက်ခဲပါတယ်။ မြို့ပြပျောက်ကျားတွေအနေနဲ့လည်း အကူအညီတောင်းခံဖို့ ရယူဖို့ ခက်ခဲပါတယ်။

မြို့ပြပျောက်ကျားတွေကို ထိထိရောက်ရောက်ကူညီနိုင်မယ့် Project NAN HTIKE AUNG မှာ ပါဝင်ပေးကြပါဦး။ ၁၀ ရက်တာ ပြုလုပ်မယ့် Project ဖြစ်ပြီး စစ်ရေးအရှိန်မြှင့်တင်ဖို့ ရည်ရွယ်ထားတာကြောင့် ကြီးမားတဲ့ပမာဏတစ်ခု မျှော်လင့်ထားပါတယ်။

လူကြမ်းတွေကြောင့် လူကောင်းတွေလည်း ဒုက္ခများရတာ ကြာပါပြီ။ လူကြမ်းတွေ လဲရင် ကြိုက်လားဆိုတဲ့ Project NAN HTIKE AUNG ကတော့ စတင်လိုက်ပါပြီ။

အောက်ပါ Link မှာ နိုင်ငံအလိုက် ဘဏ်အကောင့်များ ရယူနိုင်ပါတယ်။ ငွေလွှဲပြီးရင် Screenshot ကို ကျွန်မရဲ့ ပေ့ချ်ချက်ဘောက်မှ ပေးပို့နိုင်ပါတယ်။

တော်လှန်ရေးအရှိန် မြှင့်တင်ဖို့ Project NAN HTIKE AUNG နဲ့ မြို့ပြကို လှုပ်နှိုးကြပါစို့။

ဘဏ်အကောင့်ရယူရန် 👇

http://www.nanhtikeaung.org

Leave a Reply

Your email address will not be published.