Sexy မော်ဒယ် သင်ဇာဝင့်ကျော် SSPP ဌာနချုပ် ရောက်ရှိ

Sexy မော်ဒယ် သင်ဇာဝင့်ကျော် SSPP ဌာနချုပ် ရောက်ရှိ

Sexy မော်ဒယ် သရုပ်ဆောင် သင်ဇာဝင့်ကျော် ဟာ ယမန်နေ့ ဇူလိုင် (၄) ရက်က သျှမ်းပြည်တောင်ပိုင်း ဝမ်ဟိုင်းဌာနချုပ်ကို ရောက်ရှိလာပြီး စစ်ဝတ်စုံ နဲ့ မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။

အဲ့ဒီမင်္ဂလာဆောင်အခမ်းအနားမှာ (SSPP/SSA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆု ရဲ့ သမီး မင်္ဂလာပွဲလို့ သိရပါတယ်။

သင်ဇာဝင့်ကျော် SSPP ဌာနချုပ်ကို ရောက်ရှိလာတဲ့ကိစ္စဟာ မင်္ဂလာဆောင်ကိုလာရောက်တက်တာလား၊ ဘာကြောင့်လာလဲဆိုတာကိုတော့ သီးခြားမသိရှိရသေးပါဘူး။

သူမနဲ့အတူ လက်ရှိ သူမရဲ့ ချစ်သူလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် (၁) ရက်မှာ SSPP/SSA နဲ့ စစ်ကောင်စီ တို့ သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

လက်ရှိမှာလည်း မိုင်းရှူးမြို့ နယ်အတွင်း စစ်ကောင်စီ တို့ဘက်က အင်အားအများအပြားဖြည့်တင်းနေကြောင်း သိရပါတယ်။

သျှမ်းသံတော်ဆင့်၊ဇူလိုင် (၄)

Leave a Reply

Your email address will not be published.