ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ဖိနပ်နဲ့အပေါက်ခံရ

Local News

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ဖိနပ်နဲ့အပေါက်ခံရ

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ဖိနပ်နဲ့အပေါက်ခံရ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်နေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ သူ့ကိုထောက်ခံသူတွေနဲ့ မေလ ၁၁ ရက်က လမ်းမတစ်ခုပေါ်မှာ တွေ့ဆုံနှုတ်ဆက်နေစဉ်မှာ ဖိနပ်နဲ့ အပေါက်ခံခဲ့ရပါတယ်။ လှုမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ရုပ်သံဖိုင်မှာ ဟွန်ဆန်နဲ့ ဆယ်ဖီရိုက်နေသူရဲ့ ဖုန်းကိုတောင် ဖိနပ်ကထိခဲ့တာပါ။ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ရောက်ရှိနေတာဖြစ်ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌလည်းဖြစ်တဲ့ သူ့ကို အမေရိကန်ရောက် မြန်မာတချို့နဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေက ဆန္ဒပြခဲ့ကြပါတယ်။ ဖိနပ်နဲ့ ပေါက်ခဲ့သူကို ကမ္ဘောဒီးယားလူမှုကွန်ရက်တွေမှာ’ဖိနပ်ပျံ သူရဲကောင်း’ လို့ တင်စားနေကြပါတယ်။ မြန်မာနိုင်ငံက လူမှုကွန်ရက်သုံးစွဲသူတွေကလည်း ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ လူမှုကွန်ရက်စာမျက်နှာအောက်မှာ ဖိနပ်နဲ့အပေါက်ခံရတဲ့ ပုံကို ဖော်ပြပြီးလှောင်ပြောင်နေကြပါတယ်။ ဟွန်ဆန်ဟာ နိုင်ငံတကာကသံတမန်ရေးအရ ဖိအားပေးနေတဲ့ကြားက အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ […]

Read More