ကိုဂျင်မီ့အမျိုးသမီးက နာရေးမလုပ်ဘူးလို့ ပြောထားတာတွေ ဖတ်ရမယ်ထင်ပါတယ် ဆိုပြီး မေတ္တာရပ်ခံလာတဲ့ပန်ဆယ်လို

Local News

ကိုဂျင်မီ့အမျိုးသမီးက နာရေးမလုပ်ဘူးလို့ ပြောထားတာတွေ ဖတ်ရမယ်ထင်ပါတယ် ဆိုပြီး မေတ္တာရပ်ခံလာတဲ့ပန်ဆယ်လို

ကိုဂျင်မီ့အမျိုးသမီးက နာရေးမလုပ်ဘူးလို့ ပြောထားတာတွေ ဖတ်ရမယ်ထင်ပါတယ် ဆိုပြီး မေတ္တာရပ်ခံလာတဲ့ပန်ဆယ်လို ကိုဂျင်မီရဲ့ အလောင်းကို ပြန်မရတဲ့အတွက် နာရေးမလုပ်ဘူးလို့ ကိုဂျင်မီ့အမျိုးသမီး မနီလာသိန်းက ပြောထားတာတွေ ဖတ်ရမယ်ထင်ပါတယ်။ ကိုဇေယျာသော်ရဲ့ အမျိုးသမီးကလည်း အသိပေးလာပါတယ်။ သူတို့ တစ်နေရာမှာ ရှိနေမယ်၊ တိုက်ပွဲဝင်နေမယ်လို့ ဆက်လက်ယုံကြည်နေမှာဖြစ်တဲ့အတွက် နာရေးမလုပ်ဘူး၊ အမျှမဝေဘူး။ အောင်ပွဲရတဲ့တစ်နေ့ သူတို့ပြန်မပါလာချိန်ကျမှ အမျှဝေပါမယ်တဲ့။ နိုင်ငံတကာရောက် မြန်မာတွေအနေနဲ့ နာရေးပြုလုပ်ခြင်းပုံစံမဟုတ်ဘဲ အမှတ်တရဂုဏ်ပြုဆုတောင်းပွဲအနေနဲ့သာ ပြုလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်တဲ့။ ​ကျန်ရစ်သူတွေ သန်မာနေကြတုန်းပဲ၊ အသံမာနေကြတုန်းပဲ။ ငါတို့ ပိုကြိုးစားကြမယ်။

Read More