ကိုဗစ်ရောဂါ အပြီး မျောက်ကျောက် : စိုးရိမ်ဖို့ အချိန်တန်ပြီလား

Local News

ကိုဗစ်ရောဂါ အပြီး မျောက်ကျောက် : စိုးရိမ်ဖို့ အချိန်တန်ပြီလား

ကိုဗစ်ရောဂါ အပြီး မျောက်ကျောက် : စိုးရိမ်ဖို့ အချိန်တန်ပြီလား ကိုဗစ်ကပ်ရောဂါကြီးကြောင့် စိတ်ပျက်အားလျော့နေသေးရင် ပြောရမှာ စိတ်မကောင်းပေမယ့် နောက်ထပ် ဖြေရှင်းရမယ့် ဗိုင်းရပ်စ်ပိုးတမျိုး ထွက်ပေါ်လာပါပြီ။ ဒီတကြိမ်ကတော့ mokeypox လို့ခေါ်တဲ့ မျောက်ကျောက်ဗိုင်းရပ်စ်ပိုးပါ။ ဒီရောဂါပိုးဟာ လူတွေမှာ ကူးစက်လိမ့်မယ်လို့ ပုံမှန်အားဖြင့် မျှော်လင့်မထားပေမယ့် အခုတော့ ဗြိတိန်အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ ပိုးတွေ့အတည်ပြုလူနာ ၈၀ နီးပါးလောက်ရှိနေပါပြီ။ ဒီတော့ ဘာဆက်ဖြစ်မှာပါလဲ။ ဒီဗိုင်းရပ်စ်ပိုးကို စိတ်ပူရမယ့် အချိန်လား။ ဒါမှမဟုတ် ကိုဗစ်နဲ့အတူ ယှဥ်တွဲနေထိုင်မှုအပေါ် အလွန်အမင်း စိတ်လှုပ်ရှားနေရအုံးမှာပါလား။ ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ပြောချင်တာက ဒါဟာ နောက်ထပ် ကိုဗစ်တမျိုး မဟုတ်ပါဘူး။ မျောက်ကျောက် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ လော့ခ်ဒေါင်းချ ကန်သတ်တာတွေ လုပ်ဖို့ကတော့ စောပါသေးတယ်။ […]

Read More