
ဆရာ၊ တပည့် အချိုးမျှတသည့် သင်ကြားမှုစနစ်ဖြစ်စေဖို့ CDM ဆရာ/မ များ ပြန်လာကြပါလို့ တောင်းပန်
ဆရာ၊ တပည့် အချိုးမျှတသည့် သင်ကြားမှုစနစ်ဖြစ်စေဖို့ CDM ဆရာ/မ များ ပြန်လာကြပါလို့ တောင်းပန် ဆရာ၊ တပည့် အချိုးမျှတသည့် သင်ကြားမှုစနစ်ဖြစ်စေဖို့ အတွေ့အကြုံရှိ ဆရာ၊ ဆရာမများ လိုအပ်သဖြင့် ပြန်လာကြပါလို့ အာဏာသိမ်း စစ်ကောင်စီက တောင်း ပန်ထုတ်ပြန်လိုက်ပါတယ်။ CDM ပညာရေးဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အခြေခံ ပညာ၊ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ (BGESC)ကတော့ ပြည်သူတွေအနေနဲ့ စစ်ကျွန်ပညာရေးကို ဆက်လက်သပိတ်မှောက်ကြဖို့ မေလ ၁၇ရက် ရက်စွဲနဲ့ ပန်ကြားလွှာထုတ်ပြန်လာပါတယ်။ အချက် ၇ ချက်နဲ့ သဘောထားထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီရဲ့ပညာရေးစနစ်ဟာ ရိုးဖြောင့်မှုမရှိဘဲ စစ်ရေး၊ နိုင်ငံရေးအရ အသုံးချတယ်လို့ ဆိုတဲ့အပြင် ကျောင်းများပြန်ဖွင့်ခဲ့ရင်ရရှိနိုင်မယ့် နိုင်ငံတကာရဲ့ပညာရေးဆိုင်ရာအထောက်အပံ့တွေကို စစ်ရေးအတွက်ပြန်အသုံးပြုကာ ပြည်သူတွေကို အခုထက်ပိုဖိနှိပ်နိုင်တယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် အားကောင်းနေဆဲဖြစ်တဲ့ ပညာရေးဝန်ထမ်းနဲ့ […]
Read More