ဆဲစရာရှိ ဆဲသလို ထောက်ပို့တပ်သား ရပ်တည်သွားမယ် ဆိုတဲ့ မင်းမော်ကွန်း(ရုပ်သံ)

Local News

ဆဲစရာရှိ ဆဲသလို ထောက်ပို့တပ်သား ရပ်တည်သွားမယ် ဆိုတဲ့ မင်းမော်ကွန်း(ရုပ်သံ)

ဆဲစရာရှိ ဆဲသလို ထောက်ပို့တပ်သား ရပ်တည်သွားမယ် ဆိုတဲ့ မင်းမော်ကွန်း(ရုပ်သံ) “ဆဲစရာရှိတဲ့သူတွေကိုလည်း ပြတ်ပြတ်သားသား ဆဲသလို ဆန္ဒဖော်ထုတ်တဲ့ ဆန္ဒပြပွဲတွေမှာလည်းပါမယ်၊ Fundraiser တယောက်အနေနဲ့ ထောက်ပို့တပ်သားတယောက်အနေနဲ့လည်း ရပ်တည်သွားမှာဖြစ်ပါတယ်”လို့ သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းက DVB ကိုပြောကြားပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို စစ်ကောင်စီက သေဒဏ်စီရင်မှုခဲ့တဲ့အပေါ် ကန့်ကွက်ရှုတ်ချပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုကို ဇူလိုင် ၃၀ ရက်က ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာပြုလုပ်ရာမှာ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်း ပါဝင်တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ မဲလ်ဘုန်းမြို့လယ်ခေါင်မှာ ပြုလုပ်သွားတဲ့ ဒီလှုပ်ရှားမှုမှာ သရုပ်ဆောင် မင်းမော်ကွန်းနဲ့အတူ အနုပညာရှင်တွေ၊ ကျောင်းသားလူငယ်တွေ၊ တိုင်းရင်းသားလူမျိုးတွေ၊ ဒေသခံ လွှတ်တော်အမတ်တွေနဲ့ လူအင်အား ၃၀၀လောက် […]

Read More