တရုတ်ကိုအံတုလျက် ထိုင်ဝမ်သမ္မတ ပေလိုစီနှင့် USA အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီက…see more

Local News

တရုတ်ကိုအံတုလျက် ထိုင်ဝမ်သမ္မတ ပေလိုစီနှင့် USA အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီက…see more

တရုတ်ကိုအံတုလျက် ထိုင်ဝမ်သမ္မတ ပေလိုစီနှင့် USA အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီက…see more အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီကဗုဒ္ဓဟူးနေ့၌တိုင်ပေတွင် ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်နှင့် တွေ့ဆုံခြင်းသည် ထိုင်ဝမ်ကျွန်းတဝိုက်တွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ရန် တရုတ်နိုင်ငံကိုလှုံ့ဆော်ပေးသည့် ခရီးစဉ်ဖြစ်‌စေသည်။ ပေကျင်းသည်၂၅ နှစ်အတွင်း အဆင့်အမြင့်ဆုံး အမေရိကန်အရာရှိတစ်ဦး၏ ခရီးစဉ်အပေါ် ဒေါသတကြီးတုံ့ပြန်ခဲ့သည်။ ထို့အပြင်ထိုင်ဝမ်၏လိမ္မော်သီးနှင့် ငါးတင်သွင်းမှုကိုပိတ်ပင်ပြီး ထိုင်ဝမ်သို့သဲတင်ပို့ခြင်းကို ရပ်ဆိုင်းမည်ဟု တရုတ်အစိုးရကဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင်ကြေညာခဲ့သည်။ ယခုလုပ်ရပ်သည် ပေလိုစီထိုင်ဝမ်သို့မရောက်လာမီစတင်ခဲ့သည့် ထိုင်ဝမ်သို့ထိုးနှက်ချက်တစ်ခုဖြစ်သည်။ “တမင်တကာ တိုးမြင့်လာတဲ့စစ်ရေးခြိမ်းခြောက်မှု‌တွေကို ရင်ဆိုင်မှာပါ။ ထိုင်ဝမ်ကနောက်ပြန်ဆုတ်မှာ မဟုတ်ပါဘူး၊နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ခိုင်ခိုင်မာမာထိန်းသိမ်းပြီး ဒီမိုကရေစီကိုကာကွယ်မယ်” ဟု ဆိုင်ကပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့အနေဖြင့် ဒီမိုကရေစီတန်ဖိုးများကို အတူတကွကာကွယ်စောင့်ရှောက်ရန်အတွက် ကမ္ဘာတစ်ဝန်းရှိဒီမိုကရေစီနိုင်ငံများနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်လိုပါကြောင်းလည်းပြောကြားခဲ့သည်။ ပေလိုစီကလည်း ထိုင်ဝမ်နှင့်အမေရိကန်၏ “တည်မြဲသော ချစ်ကြည်ရင်းနှီးမှု” အတွက် ဂုဏ်ယူမိကြောင်းနှင့် ၎င်းတို့၏ကတိကဝတ်ကို စွန့်လွှတ်ကာထိုင်ဝမ်ကိုပစ်ပယ်ထားမည်မဟုတ်‌ကြောင်း […]

Read More