နေ့ခင်းကြောင်တောင် သမီးရည်းစားအသွင်ဆောင်၍ စက်ဘီးခိုးတဲ့ အတွဲမိ(ရုပ်သံ)

Local News

နေ့ခင်းကြောင်တောင် သမီးရည်းစားအသွင်ဆောင်၍ စက်ဘီးခိုးတဲ့ အတွဲမိ(ရုပ်သံ)

နေ့ခင်းကြောင်တောင် သမီးရည်းစားအသွင်ဆောင်၍ စက်ဘီးခိုးတဲ့ အတွဲမိ(ရုပ်သံ) ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် ၅၆ လမ်း အလယ်ဘလောက်မှာ နေ့လယ် ၁ နာရီဝန်းကျင်အချိန်ခန့်က စက်ဘီးခိုးမှုတခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ သမီးရည်းစားလို့ယူဆရတဲ့စုံတွဲဟာ လမ်းထဲက တိုက်တလုံးနားမှာ ယောင်လည်လည်လုပ်နေရာမှ တိုက်လှေကားထဲဝင်သွားတာကို အနီးဝန်းကျင်မှာရှိတဲ့ လူတယောက်က အကဲခတ်နေခဲ့ပါတယ်။ ခဏအကြာမှာ တိုက်ထဲကနေ စက်ဘီးတစီးနဲ့ ပြန်ထွက်လာတာကိုတွေ့ရပြီး ဒီစက်ဘီးဟာ အဲဒီတိုက်မှာနေတဲ့ အသိတယောက်ရဲ့ စက်ဘီးဖြစ်တာကို အဆိုပါ အကဲခတ်စောင့်ကြည့်နေသူက တန်းသိနေတဲ့အတွက် ကြိုးစားဟန့်တားခဲ့ပါတယ်။ အဲဒီမှာ ယောကျ်ားက ယူလာတဲ့စက်ဘီးကို တရကြမ်း မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး မိန်းကလေးက ဖမ်းမိလျက်သား ကျန်ရစ်ခဲ့ပါတယ်။ စစ်မေးချက်အရတော့ သူမက လှိုင်သာယာမှာနေထိုင်တာဖြစ်ပြီး အွန်းလိုင်းမှာသိကျွမ်းတဲ့ တာမွေမြို့နယ်နေ စက်ဘီသူခိုး ယောကျ်ားနဲ့ ချိန်းတွေ့ကြတာဖြစ်ကြောင်း၊ မိုးရွားလို့ မိုးဝင်ခိုတာဖြစ်ကြောင်း၊ ထိုသူနဲ့အတူ သူမရဲ့ […]

Read More