ပခုက္ကူမှာ စစ်ကောင်စီတပ်စွဲထားတဲ့ဘုန်းကြီးကျောင်းကို ပကဖတွေဝင်ရောက်စီးနင်း(ရုပ်သံ)

Local News

ပခုက္ကူမှာ စစ်ကောင်စီတပ်စွဲထားတဲ့ဘုန်းကြီးကျောင်းကို ပကဖတွေဝင်ရောက်စီးနင်း(ရုပ်သံ)

ပခုက္ကူမှာ စစ်ကောင်စီတပ်စွဲထားတဲ့ဘုန်းကြီးကျောင်းကို ပကဖတွေဝင်ရောက်စီးနင်း(ရုပ်သံ) ရန်ကုန်- ၂၀၂၂၊ ဇူလိုင် ၂၉(မော်ကွန်း) မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကန်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့စခန်းချထားတဲ့ ဘုန်းကြီးကျောင်းကို ယမန့်နေ့ ညနေ ၅:၃၀ နာရီလောက်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို “အညတရစစ်ဆင်ရေး” ဆိုပြီးအမည်ပေးထားကြတာပါ။ ပခုက္ကူအခြေစိုက် Earthquake’s People Defence Force နဲ့ Royal Defence Force PKUတို့ စစ်ကောင်စီတပ်ဖွဲဝင်တွေကိုတိုက်ခိုက်ခဲ့တဲ့ ဒီရုပ်သံကိုတော့ ဒီကနေ့မှာထုတ်ပြန်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဘန်ကာတစ်ခု နဲ့ သူတို့တပ်စွဲထားဘုန်းကြီးကျောင်းက်ို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ငါးယောက်ထက်မနည်းအသေအပျောက်ရှိတယ်လို့ Earthquake အဖွဲ့ကခန့်မှန်းပါတယ်။ ဒီတိုက်ခိုက်မှုအပြီးမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ အရှေ့ဘုန်းကန်ရွာရဲ့ အနီးအနားက စက်ကလေးကုန်းကျေးရွာကို သိမ်းယူဖို့ချီတက်ခဲ့ပေမယ့် စစ်ကောင်စီဘက်က လက်နက်ကြီးတွေအပြင် စစ်ကူတွေရောက်လာလို့ပြန်လည်ဆုတ်ခွါခဲ့ရတယ်လို့ဆိုပါတယ်။ ဒီတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်ကတော့ အထိအခိုက်မရှိဘဲ သက်ဆိုင်ရာစခန်းအသီးသီးကို […]

Read More