
မလေးရှား နိုင်ငံခြားရေးဝန်ကြီးကို မျောက်ပြ ကမ္ဘာလှည့်ရောင်းလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား
မလေးရှား နိုင်ငံခြားရေးဝန်ကြီးကို မျောက်ပြ ကမ္ဘာလှည့်ရောင်းလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် NUG ကိုယ်စား လှယ်များ တွေ့ဆုံမှုနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်လည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ထားကြောင်းနှင့် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး နိုင်ငံခြားရေးမူဝါဒနှင့်အညီ လိုအပ်သည် ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ ဗိုလ်ချုပ်ဇော်မင်းထွန်းက“မြန်မာနိုင်ငံအနေနဲ့ ပြင်းထန် စွာ ကန့်ကွက်တဲ့အကြောင်းနဲ့ မလေးရှားအစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များအနေနဲ့ နောင်မှာ အလားတူ ထိတွေ့ဆက်ဆံမှုမျိုး မပြုလုပ်ရန် သတိပေးထားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကို ကန့်ကွက်စာပေးပို့ခဲ့ပါတယ်” ဟု ပြောကြားသည်။ ရန်ကုန်မြို့ရှိ မလေးရှားသံရုံးမှ သံရုံးယာယီတာဝန်ခံကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ခေါ်၍ ကန့်ကွက်ပြောဆိုခဲ့ကြောင်းနှင့် အထက်ပါတွေ့ဆုံဆွေးနွေးမှုတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ တောင်းဆိုမှုများကိုလည်း အားလုံးသိရှိကြမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ “မလေးရှား နိုင်ငံခြားရေးဝန်ကြီးဆိုတဲ့လူက တွေ့တဲ့အခါမှာ […]
Read More