မအလ တွေကြောင့် ကိုယ့်မှာ မဖြစ်ချင်တာတွေရော၊ မဖြစ်သင့်တာတွေရော ဖြစ်နေရပြီ

Local News

မအလ တွေကြောင့် ကိုယ့်မှာ မဖြစ်ချင်တာတွေရော၊ မဖြစ်သင့်တာတွေရော ဖြစ်နေရပြီ

မအလ တွေကြောင့် ကိုယ့်မှာ မဖြစ်ချင်တာတွေရော၊ မဖြစ်သင့်တာတွေရော ဖြစ်နေရပြီ ဆယ်တန်းအောင်၊ တက္ကသိုလ်တက်နေရင်းနဲ့ LCCI တွေ အရမ်းခေတ်ထနေတော့ ငါလေးလည်း စာရင်းကိုင်လေး ဖြစ်ချင်လာပြီး LCCI ပြေးတက်လိုက်သေးတယ်။ တစ်ပတ်ပဲ ကြာတယ်။ သဘောပေါက်သွားတယ်။ ငါဟာ ဒီဘဝ ဒီခန္ဓာနဲ့ ဘယ်လိုမှ စာရင်းကိုင် ဖြစ်စရာအကြောင်းအရင်း မရှိနိုင်တော့လို့ စိတ်ဒုံးဒုံးချပြီး သွားမတက်တော့ဘူး။ အခုများကျတော့ တွက်လိုက်ရတဲ့ စာရင်း၊ ခေါက်လိုက်ရတဲ့ ပေသီး။ မျက်လုံးမှိတ်လိုက်ရင်တောင် ကိန်းဂဏန်းတွေ မြင်နေတဲ့အထိပဲ။ MaALoe တွေကြောင့် ကိုယ့်မှာ မဖြစ်ချင်တာတွေရော၊ မဖြစ်သင့်တာတွေရော၊ မဖြစ်နိုင်တာတွေရော ဖြစ်နေရ။ ဘာမှမဟုတ်ဘူး။Project NAN HTIKE AUNG စာရင်းချုပ်ရင်း မူးလာလို့ အမူးအမော်ပြေ ထရေးတာ။ 😅

Read More