ရခိုင်မှာ မိုးခေါင်လို့ စပါးပင်တွေသေပြီး တောင်သူတွေအခက်ကြုံ

Local News

ရခိုင်မှာ မိုးခေါင်လို့ စပါးပင်တွေသေပြီး တောင်သူတွေအခက်ကြုံ

ရခိုင်မှာ မိုးခေါင်လို့ စပါးပင်တွေသေပြီး တောင်သူတွေအခက်ကြုံ ရခိုင်ပြည်နယ်အတွင်း အခုနှစ်မိုးစပါးစိုက်ပျိုးရာသီမှာ မိုးမရွာတော့တဲ့အတွက် စိုက်ပျိုးထားတဲ့စပါးခင်းတွေလည်း ပျက်စီးတဲ့အခြေအနေကိုရောက်နေသလို တောင်သူတွေအတွက် အခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ကြံခင်းကျေးရွာက လယ်သမားတစ်ဦးက ပြောပါတယ်။ အခုနှစ် မိုးဦးကာလမှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ဝါဆိုလပြည့်နေ့ကစလို့ မိုးလုံးဝမရွာတော့သလို အပူချိန်လွန်ကဲနေတာကြောင့် စိုက်ပျိုးထားတဲ့စပါးခင်းတွေမှာလည်း ရေတွေခန်းခြောက်ပြီး မြေလွှာတွေ ပက်ကြားအက်ကာ စပါးပင်တွေသေဆုံးတဲ့အခြေအနေထိ ဖြစ်နေကြတာဖြစ်ပါတယ်။ လက်ရှိစိုက်ပျိုးပြီးစီးထားကြတဲ့ စပါးခင်းတွေဟာ ပျိုးကြဲပြီးစိုက်ပျိုးထားတဲ့စပါးခင်းတွေဖြစ်ပြီး ပျိုးစိုက်တဲ့တောင်သူတွေအတွက် အခုအခါ မိုးခေါင်နေတာကြောင့် နေရာအများစုတို့မှာ ပျိုးကြဲစိုက်ပျိုးလို့မရကြသေးဘူးလို့ ပြောဆိုကြပါတယ်။ “မိုးမရွာတော့ ရေတွေလည်းခန်းလာတယ်။ မြေတွေကွဲပြီးတော့ လယ်ကွင်းတွေမှာရှိတဲ့ငါးတွေတောင် သေကုန်တယ်။ စပါးတွေလည်း မရတော့ဘူး။ တချို့လယ်သမားတွေဆို သုံးခါလေးခါလောက် ကြဲပြီးစိုက်ထားတာ၊ အခုတစ်ပင်မှမရှိတော့တဲ့အခြေအနေဖြစ်နေပြီ”လို့ အဲ့ဒီတောင်သူက ပြောပါတယ်။ တောင်ကျချောင်းတွေ၊ ရေချိုမြစ်ချောင်းတွေနဲ့နီးတဲ့နေရာတွေမှာ ရှိတဲ့လယ်တွေအတွက်ဆိုရင် အဲ့ဒီကရေတွေကို စက်တွေနဲ့တင်ပြီး […]

Read More