ရန်ကုန်မြို့နဲ့နှိုင်းရင်လှိုင်သာယာဆိုတာ မြိုင်ရာဇာပဲ ကဗျာမဆန်တဲ့ တာဇံတွေနေတဲ့အရပ်…see more

Local News

ရန်ကုန်မြို့နဲ့နှိုင်းရင်လှိုင်သာယာဆိုတာ မြိုင်ရာဇာပဲ ကဗျာမဆန်တဲ့ တာဇံတွေနေတဲ့အရပ်…see more

ရန်ကုန်မြို့နဲ့နှိုင်းရင်လှိုင်သာယာဆိုတာ မြိုင်ရာဇာပဲ ကဗျာမဆန်တဲ့ တာဇံတွေနေတဲ့အရပ်…see more လှိုင်သာယာ ရန်ကုန်မြို့နဲ့နှိုင်းရင်လှိုင်သာယာဆိုတာ မြိုင်ရာဇာပဲ ကဗျာမဆန်တဲ့ တာဇံတွေနေတဲ့အရပ်။ကမ္ဘာစစ်ကိုမကြုံဖူးပေမဲ့နာဂစ်ကိုဆုံဖူးတဲ့ မြစ်ဝကျွန်းပေါ်ပျံကျတွေ၊ ရေကြည် မြက်နုရာ …..လယ်ကိုပစ်လို့ စက်ရုံရှာတဲ့ အညာမွန်ဂိုတွေ၊ရွှေ့ပြောင်းအခြေချသူတွေစုဝေးရာ လှိုင်သာယာဆိုတာ မြန်မာပြည်ရဲ့ ထောပတ်စော်မနံတဲ့ နယူးအဂ်လန်ပေါ့။ လှိုင်သာယာမှာ ကြယ်ငါးပွင့်ဟိုတယ်မလိုအသီးအရွက်ကလေးနဲ့ မီးခွက်စျေးပဲလိုတယ်။ရိုးစင်းပုံက …. မလိုင်မပါတဲ့ အသင့်သောက်လဘက်ရည်လိုမြို့၊ လူမိုက်ပေါတယ်လို့လဲဒူးရင်းသီးအခွံလို နာမည်ပျက်တဲ့မြို့၊ တခါတလေ သူ့ကိုယ်ပေါ်က ဒုစရိုက်တွေကိုအလုပ် သမားသပိတ်တွေနဲ့ဆေးကြောတတ်သေးတယ်။ကျူးကျော်ရပ်ကွက်နဲ့ ချွေးစက်တွေမသေရုံထမင်းတနပ်နဲ့ ချက်အရက်အနံ့တွေစက်ရုံမီးခိုးနဲ့သွေးထွက်သံ ယိုရန်ပွဲတွေဟာ လူယဥ်ကျေးတို့ဒေသမှာ မရနိုင်တဲ့လှိုင်သာယာရဲ့ စပါယ်ရှယ်မီနူးတွေပါပဲ။ရွှံ့စင်မှာစိုးသူတွေ ခြေမချတဲ့အရပ်ကိုကမ္ဘာကျော်မင်းသမီး ဂျိုလီလာတယ် ဒေါ်အောင်ဆန်းစုကြည်လာတယ်။ အဲသလိုမြို့ဟာ ……မြန်မာ့နွေဦးတော်လှန်ရေးမှာ “သားရေကြိုးတင်းအောင်ကိုင်”မိန်းမတွေက နှုတ်စကားကြမ်းကြမ်းယောကျ်ားတွေက တုတ်ဓါး တရမ်းရမ်းနဲ့ကလေးလူကြီးအကုန် သွေးအတူနီးပုံက “ဖိရင်ကြွမယ် ထိရင်ချမယ်”တဲ့ပထမဆုံးခုခံစစ်ဟာ အဲဒီမှာ ကန့်လန့်ကာဖွင့်ခဲ့တယ်။ အစွန်းထွက်တန်ဘိုးသီအိုရီကို အနံ့မခံဖူးပေမဲ့သေမ ထူးနေမထူး […]

Read More