ရယ်မောတဲ့ Emojiတွေသုံးပြီး စကားပြောနေတဲ့အချိန်မှာကို ကိုယ်မျက်ရည်ပေါက်ပေါက်ကျရတယ်

Local News

ရယ်မောတဲ့ Emojiတွေသုံးပြီး စကားပြောနေတဲ့အချိန်မှာကို ကိုယ်မျက်ရည်ပေါက်ပေါက်ကျရတယ်

ရယ်မောတဲ့ Emojiတွေသုံးပြီး စကားပြောနေတဲ့အချိန်မှာကို ကိုယ်မျက်ရည်ပေါက်ပေါက်ကျရတယ် ဒီရက်ထဲမှာ ကိုယ်ပွဲတွေသွားတယ်။ တော်လှန်ရေးအတွက် စကားတွေပြောတယ်။ ဘွန်းရောင်းတယ်။ Fund Raise လုပ်ပေးတယ်။ လူတွေအမြင်မှာ ကိုယ်တက်တက်ကြွကြွ လှုပ်ရှားနေတယ်ဆိုပေမယ့် ကိုယ့်စိတ်ထဲမှာ ခံစားနေရတာ ဝေဝါးနေတဲ့ခံစားချက်ပဲ။ တစ်ဖက်ခြမ်းမှာ ကိုယ်ဟာ ပေးဆပ်နေတဲ့လူငယ်တွေကို တိုက်ရိုက်မြင်နေရတယ်။ အသက်တွေ၊ ဘဝတွေ၊ ကိုယ်လက်အင်္ဂါတွေ။ ဒါ့အပြင် အာဏာရှင်စနစ်ဆိုးကြောင့် ဘဝအပျက်ကြီးတွေကို ထမ်းပိုးပြီး အသက်ရှင်နေရသူတွေ။ ဥပမာ ရွာမီးရှို့ခံရသူတွေ၊ စစ်ဘေးရှောင်တွေ၊ ထွက်ပြေးလွတ်မြောက်လာပြီး ဘဝကို သုညက ပြန်စနေရတဲ့ မစနိုင်ရှာတဲ့ ကိုယ်အပါအဝင် ဘဝတူတွေ။ တစ်ဖက်ခြမ်းမှာလည်း Normal Life ထဲ ပျော်ပျော်ကြီး စီးမျောနေကြတဲ့သူတွေ။ မင်းတို့တော်လှန်နေတာပဲ၊ ငါတို့မလိုပါဘူး တွေးနေတဲ့သူတွေ။ တော်လှန်သူတွေနဲ့ နာကျင်မှုတွေရင်းနှီးပြီး ရလာမယ့် ဒီမိုကရေစီကို အခန့်သားယူဖို့ မျှော်လင့်နေကြသူတွေ။ […]

Read More