
အချေအတင်အငြင်းပွားမှုများဖြစ်ပေါ်ခဲ့တဲ့ ကြံ့ဖွံ့ထိပ်သီးအစည်းအဝေး
အချေအတင်အငြင်းပွားမှုများဖြစ်ပေါ်ခဲ့တဲ့ ကြံ့ဖွံ့ထိပ်သီးအစည်းအဝေး စစ်ဗိုလ်ချုပ်ဟောင်းများဦးဆောင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရှိရာ နေပြည်တော်၌ နှစ်ရက်တာကျင်းပခဲ့သော ထိပ်သီးအစည်းအဝေးမှာ မကျေလည်မှုများဖြင့် အဆုံးသတ်ခဲ့ကြောင်း သိရသည်။ ကာလကြာရှည် လူမြင်ကွင်းမှ ပျောက်ကွယ်နေသူ ဗိုလ်ချုပ်ဟောင်းများအပါအဝင် ဗဟိုကော်မတီဝင် အစုံအလင်တက်ရောက်ခဲ့သော ထိပ်သီးအစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပတ်သက်၍ အချေအတင် အငြင်းပွားမှုများရှိခဲ့ကြောင်း ပါတီနှင့် နီးစပ်သူများက ဆိုသည်။ ငါးနှစ်ဟု ကန့်သတ်ထားသော ပါတီဥက္ကဋ္ဌသက်တမ်းကို ဆွဲဆန့်ရန် ဦးသန်းဌေးက ပါတီစည်းမျဉ်းတချို့ ပြင်ဆင်မှုအပေါ် မကျေနပ်ချက်များ ထွက်ပေါ်လာကာ ပွဲဆူခဲ့ကြောင်း သိရသည်။ ဘူးလက်လှဆွေဟု လူသိများသည့် ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း ဦးလှဆွေ ဦးဆောင်ကာ ယမန်နေ့အစည်းအဝေးတွင် တင်းတင်းမာမာ ကန့်ကွက်ခဲ့သဖြင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဦးသိန်းအောင် ဝင်ထိန်းခဲ့ရသည်ဟု ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောဆိုကြောင်း Myanmar Now သတင်းမှာဖော်ပြထားပါတယ်။ “ […]
Read More