အင်းဝ ပျက်ကိန်းထက် ပိုဆိုးမယ့် မအလတို့ရဲ့ ဇာတ်သိမ်း

Local News

အင်းဝ ပျက်ကိန်းထက် ပိုဆိုးမယ့် မအလတို့ရဲ့ ဇာတ်သိမ်း

အင်းဝ ပျက်ကိန်းထက် ပိုဆိုးမယ့် မအလတို့ရဲ့ ဇာတ်သိမ်း အဖွဲ့အစည်းတရပ်ဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံဖြစ်ဖြစ် ပျက်သုဥ်းတော့မယ်၊ အုပ်ချုပ်ပုံစနစ် ပြောင်းတော့မယ်ဆိုရင် ပြသလာတဲ့ လက္ခဏာရပ်တွေထဲမှာ ထင်ရှားသိသာတဲ့ လက္ခဏာရပ်တွေကတော့ ကာကွယ်ရေးနဲ့ လုံခြုံ‌ရေးတပ်ဖွဲ့ အင်အားဆုတ်ယုတ် ချည့်နဲ့လာခြင်း၊ မှန်ကန်တဲ့ အုပ်ချုပ်ရေးအာဏာစက် မသက်ရောက်နိုင်တော့တာမို့ တရားဥပဒေစိုးမိုးမှု မရှိခြင်း၊ ရာဇဝတ်မှု ထူပြောလာခြင်း၊ စီးပွားရေး ယုတ်လျော့ပြိုပျက်ခြင်း၊ အစာရေစာ ရှားပါးပြတ်လပ်လာခြင်း၊ အနာရောဂါ ထူပြောလာခြင်း အကျင့်ပျက်ခြစားမှုတွေ အဆိုးဝါးဆုံးအခြေကို ရောက်လာခြင်းတို့ပဲ ဖြစ်ပါတယ်။ မြန်မာ့ရာဇဝင်မှာ အင်းဝနိုင်ငံတော်ကြီးကို ပျက်သုဥ်းစေပြီး ညောင်ရမ်းမင်းဆက် ပြတ်သွားစေတဲ့ မင်းဟာ ဟံသာဝတီရောက်မင်းအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ကြာသပတေးမင်းခေါ် မဟာဓမ္မရာဇာဓိပတိဘွဲ့ခံ မင်းဆိုးမင်းညံ့တပါး ဖြစ်ပါတယ်။ အင်းဝနိုင်ငံတော်ကို အလုံးစုံပျက်စီးသွားစေတဲ့ ဟံသာဝတီရောက်မင်းဟာ သူ့ခမည်းတော် တနင်္ဂနွေမင်းလွန်တဲ့အချိန်မှာ အများပြည်သူက သူ့ဦးရီးတော် သရက်စားမင်းသားကို […]

Read More