အနီရောင်အဆင့် သတ်မှတ်ထားသည့် မုန်တိုင်းငယ် မော်လမြိုင်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်

Local News

အနီရောင်အဆင့် သတ်မှတ်ထားသည့် မုန်တိုင်းငယ် မော်လမြိုင်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်

(မုန်တိုင်းသတိပေးချက်) အနီရောင်အဆင့် သတ်မှတ်ထားသည့် မုန်တိုင်းငယ် မော်လမြိုင်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည် DVB မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မယ့် အခြေအနေဖြစ်လို့ အနီရောင်အဆင့်ဟု သတ်မှတ်ထားတယ်လို့ မိုးဇလဌာနက မုန်တိုင်းငယ် သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်း(မုတ္တမကမ်းလွန်အနီး)တွင် ဖြစ်ပေါ်နေသော အား ကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ပိုမိုအားကောင်းလာပြီး၊ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိ ခဲ့ကာ၊ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ ဘီလူးကျွန်းမြို့(Bilu Island)၏ အနောက် တောင်ဘက် ရေမိုင်(၁၅)မိုင်ခန့်၊ မော်လမြိုင်မြို့(Mawlamyaine)၏ အနောက် တောင်ဘက် ရေမိုင်(၂၅)မိုင်ခန့်၊ ပေါင်မြို့(Paung)၏ ‌တောင်-အနောက် တောင်ဘက် ရေမိုင်(၂၅)မိုင်ခန့်၊ သထုံမြို့(Thaton)၏ တောင်-အနောက် တောင်ဘက် ရေမိုင်(၄၅)မိုင်ခန့်၊ […]

Read More