
အမေရီကန် သမ္မတဘိုင်ဒင် အသက် ၇၉ နှစ်အရွယ် စက်ဘီးမှောက်
အမေရီကန် သမ္မတဘိုင်ဒင် အသက် ၇၉ နှစ်အရွယ် စက်ဘီးမှောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် စနေနေ့ နံနက်ပိုင်းက Delaware ရှိ သူ၏ ကမ်းခြေအပန်းဖြေနေအိမ်အနီးတွင် စက်ဘီးစီးရင်း စက်ဘီးပေါ်မှ လိမ့်ကျခဲ့သော်လည်း ထိခိုက်ဒဏ်ရာမရရှိခဲ့ချေ။ အိမ်ဖြူတော်၏ မှတ်တမ်းဗီဒီယိုတစ်ခုတွင် အသက် ၇၉ နှစ်အရွယ် သမ္မတသည် စက်ဘီးမှောက်ကာပြုတ်ကျပြီးနောက် ချက်ခြင်းပြန်ထလာခဲ့ကာ “ကျွန်တော် ဘာမှမဖြစ်ပါဘူး။ အားလုံးကောင်းပါတယ်”ဟုပြောကြားကြောင်း တွေ့မြင်ကြရသည်။ သမ္မတသည် စက်ဘီးခြေနင်းမှ ခြေထောက်ကို ဆွဲထုတ်ရန်ကြိုးစားစဉ် ဟန်ချက်ပျက်ကာ စက်ဘီးလည်းလဲကျကာ သူလည်း စက်ဘီးပေါ်မှလိမ့်ကျသွားခြင်းဖြစ်ကြောင်းပြောသည်။ “ဆေးကုစရာမလိုပါဘူး”ဟု အိမ်ဖြူတော်အရာရှိတစ်ဦးကပြောသည်။ “သမ္မတကြီးဟာ ကျန်တဲ့ရက်တွေမှာ သူ့မိသားစုနဲ့ပဲ အတူနေပြီး အပန်းဖြေဖို့မျှော်လင့်ပါတယ်”ဟုလည်း အဆိုပါ အိမ်ဖြူတော် အရာရှိကဆိုသည်။ Ref: ‘I am good’: Biden falls from […]
Read More