အမှတ်နဲ့နိုင်ပြီးသားကို အလဲထိုးမှဆိုတော့လည်း အတွဲလိုက်လွှတ်ပြကြရုံပေါ့ လို့ဆိုတဲ့ မင်းကိုနိုင်

Local News

အမှတ်နဲ့နိုင်ပြီးသားကို အလဲထိုးမှဆိုတော့လည်း အတွဲလိုက်လွှတ်ပြကြရုံပေါ့ လို့ဆိုတဲ့ မင်းကိုနိုင်

အမှတ်နဲ့နိုင်ပြီးသားကို အလဲထိုးမှဆိုတော့လည်း အတွဲလိုက်လွှတ်ပြကြရုံပေါ့ လို့ဆိုတဲ့ မင်းကိုနိုင် လူသတ်ကောင်ဆွဲတဲ့ ဆဲလ်ဖီ အထုပ်လိုက်ထွက်ကျလာတာအမှတ်တမဲ့ ပြီးသွားမယ်ထင်နေလား။ ကြမ္မာဆိုးဝင်ရင် ကြိုးကိုမြွေမြင်သလိုပဲ လူသတ်ကောင်ဟာကိုယ်တိုင်ဆဲလ်ဖီရိုက်ကူးခဲ့တယ်။ကိုယ်တိုင်ဖြောင့်ချက်ပေးခဲ့တယ်။ကမ္ဘာကျော်ဆဲလ်ဖီပဲ။ ဒါစစ်ကြောရေးမှာနှိပ်စက်ညှင်းပမ်းလို့လိမ်လည်ထွက်ဆိုရတာမျိုးမဟုတ်ဘူးထန်းရည်မူးကျွဲခိုးပေါ်တာ။ ကျူးလွန်ချင်လို့ကျူးလွန်တာဆိုတဲ့သရုပ်မှန် စိတ်အမှန်တွေကိုလှန်ပြလိုက်တာ။မြန်မာပြည်အာဏာလုစစ်တပ်ရဲ့အဆင့်အတန်းကိုလှန်ပြလိုက်တာ။ အပြစ်မဲ့ပြည်သူကိုသတ်ဖြတ်ရတာဂုဏ်ဆာနေတဲ့ အာဏာလုစစ်အုပ်စုရဲ့အဆင့်ကိုလှန်ပြလိုက်တာ။ ကြမ္မာဆိုးကရိုက်ကူးရုံမပြီးဘူး။ပြုတ်ကျလိုက်တယ်။ကောက်ရသူကသာမာန်ပြည်သူ၊ ဒါပေမဲ့ပြည်သူတော်လှန်ရေးဆိုတော့သိတဲ့အတိုင်းပဲပေါ့။ လိုင်းမရတဲ့စစ်ကိုင်းကနေ အမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီအရောက် ဘေးမသီရန်မခ အဆင့်ဆင့်ပို့ဆောင်တာဝန်ကျေခဲ့ကြတယ်။ ပြည်သူ့တော်လှန်ရေးစစ်စစ်ဆိုတာဒါပဲ။စစ်အုပ်စုသိချိန်မှာထပ်ကံဆိုးပြန်ပြီ။ လက်ခံယူသူသတင်းသမားတွေဟာနိုင်ငံရေးအကျဉ်း သားဟောင်းတွေပါ။ မျိုးဆက်ဟောင်းကမီဒီယာသမားအဖြစ် ဒီတော်လှန်ရေးမှာရှိနှင့်ပြီးသား။ မျိုးဆက်အလိုက်ကျရာတာဝန်မှန်သမျှ အမိမြေအပေါ်ချစ်ခြင်းများ၊ ဥာဏ်ပညာများနဲ့ ထမ်းဖို့ကျေဖို့စုဖွဲ့ထားတဲ့နွေဦးတော်လှန်ရေးပါ။ သူတို့အားစိုက်တင်ပြဖို့အချက်အလက်မေးမြန်းစရာရှာတဲ့အခါ ပြည်သူ့ရင်ခွင်ခိုလှုံလာသူစီဒီအမ် ဗိုလ်ကြီးထံရောက်ပြန်တယ်။ သူကမျိုးဆက်သစ်ပါ။ မျိုးဆက်တွေပေါင်းစုမှုဟာရလဒ်အနေနဲ့ ဒီကမ္ဘာကျော်လူသတ်ပွဲကို အထင်အရှားသက်သေခိုင်မာစေခဲ့ပါတယ်။ ဆဲလ်ဖီကလစ်နဲ့အတူအပြစ်မဲ့ပြည်သူတွေရဲ့မျက်ရည်နဲ့ကျိမ်စာဟာအာဏာလုစစ်အုပ်စုကိုလောင်မြိုက်စေပါပြီ။ ဗီဒီယိုထဲကဖြောင့်ချက်ရှင်တွေကြမ္မာဘာဖြစ်လာမလဲ။လောလောဆယ်တော့ဓာတ်ပုံပေါင်း ၁၄၄ပုံနဲ့ ၁၀မိနစ်ခွဲအကြာဗီဒီယိုဖိုင်ဟာမီးတုတ်ကိုင်ပြီးကမ္ဘာကြီးကိုပတ်နေပါပြီ။ ဒီမီးတုတ်ကိုနိုင်ငံတကာအစိုးရများလွှတ်တော်များနှင့်အဖွဲ့အစည်းစုံကမ္ဘာ့ပြည်သူများထံအရောက်ပို့ခဲ့ကြသူတွေဟာဘယ်သူတွေပါလဲ။ တော်လှန်သောမြန်မာ ပြည်သူများပါပဲ။ ပြည်သူ့တော်လှန်ရေးဆိုတာဒါပါပဲ။စစ်ကောင်စီသိချိန်မှာနှောင်းခဲ့ပါပြီ။ဆယ်လ်ဖီဆွဲဖြောင့်ချက်ပေးသူတွေကိုစစ်တပ်ကအလွတ်မခံဘဲအသည်းအမဲလိုက်နေသလိုပြည်သူကလဲသူတို့ဇာတိနောက်ကြောင်းရာဇဝင်နှင့်တကွတပ်ထဲဝင်ခဲ့တဲ့နှစ်ကအစကွန်ယက်ဖွဲ့ပြီးလိုက်နေကြပါပြီ။ စစ်အုပ်စုဟာမုဆိုးကသားကောင်ဖြစ်မယ့်အလှည့်ပါ။စစ်အုပ်စုအတွက်ပြည်သူ့တော်လှန်ရေးဟာဘယ်တော့မှလက်သီးတလုံးတည်းမလာပါဘူး။အတွဲလိုက်လာပါတယ်။ခုတခါတွဲလက်သီးအဖြစ်နောက်တလုံးဆက်လာပါပြီ။ နိုင်ငံတော်လျှို့ဝှက်ချက်ရောင်းစားမှုအဖြစ် မိုင်တဲလ်အကျိုးစီးပွါးအတွက်ပေးခဲ့တဲ့ တပ်တွင်းစစ်သည်တွေတည်ရှိစာရင်း ခုပေါက်ပြီးထွက်လာပါပြီ။ တော်လှန်ရေးဟာ အရေခြုံမျက်နှာဖုံးတွေ ဆွဲခွါပြီး […]

Read More