အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီထုတ်ပြန်ခဲ့တဲ့ ကြောင်တောင်တောင်အမိန့်ညွှန်ကြားချက်များ

Local News

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီထုတ်ပြန်ခဲ့တဲ့ ကြောင်တောင်တောင်အမိန့်ညွှန်ကြားချက်များ

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီထုတ်ပြန်ခဲ့တဲ့ ကြောင်တောင်တောင်အမိန့်ညွှန်ကြားချက်များ By The 74 Media ဥပဒေဆိုတာ ကျောသားရင်သား မခွဲခြားဘဲ နိုင်ငံသားတိုင်းလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ဥပဒေဆိုတာ မရှိတော့ရင် တိုင်းသူပြည်သားတွေဟာ အန္တရာယ်ကင်းကင်းနဲ့ လုံလုံခြုံခြုံ နေထိုင်နိုင်တော့မှာ မဟုတ်တော့ပါဘူး။ နိုင်ငံတိုင်းမှာ သူ့ဥပဒေနဲ့သူ ရှိနေပေမယ့် တချို့နိုင်ငံတွေမှာတော့ တမူထူးခြားတဲ့ ဥပဒေတွေလည်း ရှိနေပါတယ်။ ဥပမာပြောရရင် အာဆီယံနိုင်ငံဖြစ်တဲ့ စင်္ကာပူနိုင်ငံမှာဆိုရင် ၁၉၉၂ ခုနစ်ကနေ ပီကေဝါးခြင်းနဲ့ ရောင်းဝယ် ဖောက်ကားခြင်းကို တားမြစ်ထားပါတယ်။ဖောက်ဖျက်ခဲ့မယ်ဆိုရင်တော့ ထောင်ဒဏ် ၂နှစ် (သို့မဟုတ်) ငွေဒဏ်ရိုက်ခံရမှာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလိုတဲ့အတွက်ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာဆိုရင်လည်း ည ၁၀ နာရီနောက်ပိုင်း ရေအိမ်ရေမဆွဲချရတဲ့ ဥပဒေတွေလည်းရှိနေပါတယ်။ အကြောင်းကတော့ လူသူအိပ်စက်အနားယူချိန်မှာ အနှောက်အယှက်ဖြစ်စေတဲ့ […]

Read More