ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော််တို့ကို သေဒဏ်စီရင်မှုသတင်း ဒေါ်အောင်ဆန်းစုကြည်သိရှိပြီး

Local News

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော််တို့ကို သေဒဏ်စီရင်မှုသတင်း ဒေါ်အောင်ဆန်းစုကြည်သိရှိပြီး…see more

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော််တို့ကို သေဒဏ်စီရင်မှုသတင်း ဒေါ်အောင်ဆန်းစုကြည်သိရှိပြီး ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ ကို သေဒဏ်စီရင်မှုကို ဒေါ်အောင်ဆန်းစုကြည် သိရှိသွားပြီဖြစ်ပြီး စိတ်မကောင်းဖြစ််နေကြောင်း တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းက သိရပါတယ်။ “သူကတော့ သိသွားတယ်။ မနက်ခင်း ရုံးချိန်းမတိုင်ခင် အမှုအကြောင်း ဆွေးနွေးရင်းက သတင်းကိုသိသွားတယ်။ သိိသိချင်းမှာပဲ မျက်နှာကတော်တော်မကောင်းဘူး။ စိတ်မကောင်းတော်တော်ကိုဖြစ်သွားတယ်။ ဘာမှ မှတ်ချက်ပြုတုံ့ပြန်ပြောကြားသွားတာတော့မရှိဘူး”လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းကပြောပါတယ်။ ဦးဖြိုးဇေယျာသော်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အားထားရတဲ့ NLD ပါတီ၀င်တစ်ဦးဖြစ်ပြီး ၂၀၁၅ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအရ အရေးပါတဲ့ပြည်တွင်းပြည်ပခရီးစဥ်တွေမှာ လိုက်ပါဆောင်ရွက်ခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီဟာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ ပုဂ္ဂိုလ်ရေးဆက်ဆံမှုလည်းရှိသူတစ်ဦးဖြစ်ပြီး သူနဲ့ရင်းနှီးတဲ့ ဒီနှစ်ဦးရဲ့သတင်းနဲ့ပတ်သက်လို့ စိတ်မကောင်းဖြစ်နေတာသိရကြောင်း တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းကပြောပါတယ်။ ဒီနေ့ဇူလိုင် ၂၅ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရဟတ်ယာဥ်အမှုတွေနဲ့ပတ်သက်လို့​ နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းရှင်ဦးမောင်၀ိတ်နဲ့ဆက်စပ်တဲ့အဂတိ […]

Read More