ဦးဇဂျင်မီနဲ့ ဖြိုးဇေယျာသော်တို့ မိသားစုနဲ့ ပြန်တွေ့ရတာ ၀မ်းသာပါတယ်

Local News

ဦးဇဂျင်မီနဲ့ ဖြိုးဇေယျာသော်တို့ မိသားစုနဲ့ ပြန်တွေ့ရတာ ၀မ်းသာပါတယ်

ဦးဇဂျင်မီနဲ့ ဖြိုးဇေယျာသော်တို့ မိသားစုနဲ့ ပြန်တွေ့ရတာ ၀မ်းသာပါတယ် အကြမ်းဖက်မှုစွပ်စွဲချက်တွေနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု (ခေါ်) ဦးဂျင်မီနဲ့ NLD အမတ်ဟောင်းဦးဖြိုးဇေယျာသော်တို့ကိုဗီဒီယိုလင့်ခ်ကတစ်ဆင့်မိသားစုက တွေ့ဆုံခွင့်ရခဲ့တယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေက ပြောသလို စစ်ကောင်စီဘက်ကအတည်ပြုပါတယ်။ မနေ့ဇူလိုင် ၂၂ ရက်နေ့ညနေ ၆ နာရီလောက်မှာ မိသားစုတွေကို ဗီဒီယိုလင့်ခ်ကတစ်ဆင့် တွေ့ဆုံခွင့်ပေးခဲ့တာဖြစ်ပြီး အကျဥ်းထောင်လုပ်ထုံးအတိုင်းလုပ်ခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရကဆိုပါတယ်။ ဗီဒီယိုနဲ့တွေ့ဆုံမှုကို အင်းစိန်အကျဉ်းထောင်ဝင်းအတွင်းမှာ ရှိတဲ့ အကျဉ်းဦးစီးဌာနရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဦးဂျင်မီဟာ အင်းစိန်ထောင်အတွင်းမှာ ရှိနေတယ်လို့ သိရပါတယ်။ ဦးဂျင်မီရဲ့ ကျန်းမာရေးကောင်းမွန်နေတယ်လို့လည်း အကျဥ်းထောင်နဲ့ နီးစပ်သူတွေဆီကသိရပါတယ်။ ဒီလို မိသားစုနဲ့ တွေ့ဆုံခွင့် စစ်ကောင်စီဘက်က ပေးတဲ့အပေါ်မှာ စီရင်ချက်နဲ့ပတ်သက်ပြီး စိုးရိမ်ချက်တွေရှိကြတာလည်းရှိပါတယ်။ စစ်ကောင်စီဘက်ကတော့ အခုလိုမိသားစုနဲ့တွေ့ဆုံခွင့်ပေးပေမဲ့ သူတို့ကို သေဒဏ်စီရင်တာမျိုးလုပ်ဖို့ မရှိသေးဘူးလို့ ပြောပါတယ်။ ‘’အခုလောလောဆယ်တော့ […]

Read More