NUG ငွေတိုက်စာချုပ်ကိုယ်စားလှယ်အဖြစ်မှ ပန်ဆယ်လိုနုတ်ထွက်မှု ဝန်ကြီးဦးတင်ထွန်းနိုင် ရှင်းလင်း

Local News

NUG ငွေတိုက်စာချုပ်ကိုယ်စားလှယ်အဖြစ်မှ ပန်ဆယ်လိုနုတ်ထွက်မှု ဝန်ကြီးဦးတင်ထွန်းနိုင် ရှင်းလင်း

NUG ငွေတိုက်စာချုပ်ကိုယ်စားလှယ်အဖြစ်မှ ပန်ဆယ်လိုနုတ်ထွက်မှု ဝန်ကြီးဦးတင်ထွန်းနိုင် ရှင်းလင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ငွေတိုက်စာချုပ်ကိုယ်စားလှယ်အဖြစ်မှ ပန်ဆယ်လိုနုတ်ထွက်မှုနှင့် ပတ်သက်ပြီး NUG စီးပွားရေး၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာန (MOPFI) ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က အထင်အမြင်လွဲမှားမှုသာ ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ယနေ့ ရှင်းလင်းဖော်ပြလာသည်။ ဦးတင်ထွန်းနိုင်က “မပန်ဆယ်လို တင်လိုက်တဲ့ပို့စ်နဲ့စပ်လျဉ်းပြီး “ငွေကြေး” အရှုပ်အရှင်းဖြစ်လို့ သူ့ကို ငွေတိုက်စာချုပ် အရောင်းကိုယ်စားလှယ်အဖြစ်ကနေ ရပ်စဲခံရသယောင် တဖက်အုပ်စုက ထိုးချစွပ်စွဲတဲ့ပို့စ်တွေ တက်လာတာတွေ့မိပါတယ်။ အဲဒါ မမှန်ပါဘူး။ မပန်ဆယ်လို ကူညီအားဖြည့်ရောင်းချပေးခဲ့တဲ့ ငွေတိုက်စာချုပ်ရောင်းရငွေအားလုံး တပြားမကျန် ကောင်းမွန်စွာ အပြည့်အဝ လက်ခံရရှိပါတယ်။ ဖြစ်ပျက်သွားတဲ့ အခြေအနေဟာ တကယ်တော့ နားလည်မှုလွဲမှားရာကနေ ပေါ်ပေါက်ခဲ့တာပါ။ ဒါနဲ့စပ်လျဉ်းပြီး သူနဲ့ကျနော်လည်း မနေ့က နှစ်ကြိမ်တိုင်တိုင် ဆက်သွယ်ဆွေးနွေး […]

Read More