Local News

Update News- လေးကေ့ကော်တွင် စစ်ကောင်စီတပ် အသေများပြီးနောက် စစ်လေယာဉ်များ ဝဲနေ၊ မြန်မာဖုန်းလိုင်းများ သုံးမရဖြစ်နေ

Update News- လေးကေ့ကော်တွင် စစ်ကောင်စီတပ် အသေများပြီးနောက် စစ်လေယာဉ်များ ဝဲနေ၊ မြန်မာဖုန်းလိုင်းများ သုံးမရဖြစ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁

ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသ မေတ္တာလင်းမြိုင်ကျေးရွာတွင် ယနေ့တိုက်ပွဲ၌ ၅၀ နီးပါးသေဆုံးပြီး အထိနာသော စစ်ကောင်စီတပ်၏ စစ်လေယာဉ်များ လေးကေ့ကော်ကောင်းကင်ယံတွင် ပျံဝဲနေကာ မြန်မာဖုန်းလိုင်းများလည်း သုံးမရတော့ကြောင်း သိရှိရသည်။

“မြန်မာ ဖုန်းတွေ ခေါ်မရတော့ဘူး။ ထိုင်းလိုင်းတွေပဲ ခေါ်လို့ရတယ်။ ကောင်းကင်မှာ စစ်လေယာဉ်တွေ ဝဲနေတယ်ပြောတယ်။ ပစ်တော့ မပစ်သေးဘူး။ အခုပဲ ဆက်လိုက်တာ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ လေးကေ့ကော်ဒေသ မေတ္တာလင်းမြိုင်နှင့် မယ့်ထော်သလေးတွင် ယနေ့ စစ်ကောင်စီတပ်များနှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲပြင်းထန်ခဲ့ရာ

စစ်ကောင်စီဘက်မှ တပ်ခွဲမှူး (၂) ယောက်၊ ဒုတပ်ခွဲမှူး (၂) ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးနီးပါးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း NUG ၏ တရားဝင်သတင်းဌာန PVTV က သတင်းထုတ်ပြန်သည်။

Source. Khit Thit Media

Zawgyi

Update News- ေလးေက့ေကာ္တြင္ စစ္ေကာင္စီတပ္ အေသမ်ားၿပီးေနာက္ စစ္ေလယာဥ္မ်ား ဝဲေန၊ ျမန္မာဖုန္းလိုင္းမ်ား သုံးမရျဖစ္ေန

ရန္ကုန္၊ ဒီဇင္ဘာ ၁

ကရင္ျပည္နယ္၊ ေလးေက့ေကာ္ေဒသ ေမတၱာလင္းၿမိဳင္ေက်း႐ြာတြင္ ယေန႔တိုက္ပြဲ၌ ၅၀ နီးပါးေသဆုံးၿပီး အထိနာေသာ စစ္ေကာင္စီတပ္၏ စစ္ေလယာဥ္မ်ား ေလးေက့ေကာ္ေကာင္းကင္ယံတြင္ ပ်ံဝဲေနကာ ျမန္မာဖုန္းလိုင္းမ်ားလည္း သုံးမရေတာ့ေၾကာင္း သိ႐ွိရသည္။

“ျမန္မာ ဖုန္းေတြ ေခၚမရေတာ့ဘူး။ ထိုင္းလိုင္းေတြပဲ ေခၚလို႔ရတယ္။ ေကာင္းကင္မွာ စစ္ေလယာဥ္ေတြ ဝဲေနတယ္ေျပာတယ္။ ပစ္ေတာ့ မပစ္ေသးဘူး။ အခုပဲ ဆက္လိုက္တာ” ဟု ေဒသသတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

ကရင္ျပည္နယ္၊ KNU တပ္မဟာ ၆ နယ္ေျမ ေလးေက့ေကာ္ေဒသ ေမတၱာလင္းၿမိဳင္ႏွင့္ မယ့္ေထာ္သေလးတြင္ ယေန႔ စစ္ေကာင္စီတပ္မ်ားႏွင့္ KNLA၊ PDF ပူးေပါင္းတပ္ဖြဲ႕မ်ား အၾကား တိုက္ပြဲျပင္းထန္ခဲ့ရာ

စစ္ေကာင္စီဘက္မွ တပ္ခြဲမႉး (၂) ေယာက္၊ ဒုတပ္ခြဲမႉး (၂) ဦး အပါအဝင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၅၀ ဦးနီးပါးေသဆုံးၿပီး လက္နက္ခဲယမ္းအမ်ားအျပား သိမ္းဆည္းရမိေၾကာင္း NUG ၏ တရားဝင္သတင္းဌာန PVTV က သတင္းထုတ္ျပန္သည္။

Source. Khit Thit Media

About the author

admin

Add Comment

Click here to post a comment

Recent Comments

No comments to show.