USDP ရုံးချုပ်မှာ ခိုလှုံနေသူ ၂၃၀ဦးကို အမြန်ဆုံးဆောင်ရွက်ပေးမယ်လို့ ဇော်မင်းထွန်း…see more

USDP ရုံးချုပ်မှာ ခိုလှုံနေသူ ၂၃၀ဦးကို အမြန်ဆုံးဆောင်ရွက်ပေးမယ်လို့ ဇော်မင်းထွန်း…see more

နေပြည်တော်USDPပါတီရုံးချုပ်မှာ ခိုလှုံနေသူ ၂၃၀ဦးရောက်နေလို့ အကူအညီပေးဖို့ ဦးလှဆွေတောင်းဆို၊အမြန်ဆုံးဆောင်ရွက်ပေးမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းဖြေကြား

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်း နိုင်ငံရေးအခင်းအကျင်းမှာ နေပြည်တော်က USDPပါတီရုံးချုပ်ကို လာရောက်ခိုလှုံသူ ၂၃၀ဦးရှိခဲ့ပြီး သူတို့တွေဟာ လာရောက်ခိုလှုံနေတာ ၁နှစ်နီးပါးရှိနေပြီလို့

ဦးလှဆွေက ဒီကနေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ အသိပေးပြောဆိုကာ ထောက်ပံ့ကူညီတာတွေ ပြုလုပ်ပေးဖို့ ရှိ၊မရှိ သက်ဆိုင်ရာ မေးခွန်းမေးမြန်းခဲ့ပါတယ်။

လာရောက်ခိုလှုံသူတွေဟာ တိုင်း၊ပြည်နယ် ၅ခုကလာတာဖြစ်ပြီး ပါတီဝင်ထားသူက ၃၀ရာခိုင်နှုန်းပဲရှိတဲ့အကြောင်းကျန်တာတွေက သာမာန်ပြည်သူတွေပဲဖြစ်တဲ့အကြောင်း အသက်၈၀ကနေ မွေးကင်းစအထိပါကြောင်း စတာတွေ ပြောကြားသွားတာတွေ့ရပါတယ်။

လာရောက်ခိုလှုံသူတွေဟာ သူတို့မိသားစုတွေ အသတ်ခံရလို့၊သူတိုပတွေလည်း အသက်ရန်ရှာခံရလို့ ရှောင်တိမ်းကြတာလို့ ဦးလှဆွေကပြောပါတယ်။

“ပင်စင်စားအဘိုးကြီး၊အဘွားကြီးတွေပါတယ်။၁၀လရှိပြီ။ပါတီဘက်က ၂ကြိမ်ထောက်ပံ့ထားတယ်။ဝန်ထမ်းက ၃၉ ဦးပါတယ်”လို့ ဦးလှဆွေက ပြောဆိုပါတယ်။

ဝန်ထမ်းတွေကိုလည်း နေပြည်တော်မှာပဲ တွဲဖက်တာဝန်ချထားပေးဖို့ သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းအကြီးအကဲတွေဆီ အကူအညီတောင်းခံပေးမယ့် အကုန်မရတာတွေရှိတဲ့အကြောင်း၊

ပင်စင်စားကြီးအချို့ဆိုရင် ပင်စင်မထုတ်ရတာ ၁၀လရှိပြီဆိုတဲ့အကြောင်း စတာတွေကိုပါ ထည့်သွင်းပြောဆိုသွားပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဦးလှဆွေရဲ့ အမေးကို “လုပ်ဆောင်ပေးရမယ့်ဟာတွေကို ဆက်လက်လုပ်ဆောင်ပေးပါ့မယ်။အမြန်ဆုံးဆောင်ရွက်ပေးပါ့မယ်”လို့ ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် လူကယ်ပြန်ဝန်ကြီးဌာနကတာဝန်ရှိသူကလည်း နေပြည်တော်ကို ရောက်နေတဲ့ ပြည်သူ ၅၃၆ဦးရှိတဲ့အတွက် သူတို့တွေကို စားနပ်ရိက္ခာနဲ့ပစ္စည်းတွေ ထောက်ပံ့ခဲ့တာရှိပြီး ၊အဲ့ဒီ့ထဲမပါတဲ့သူတွေရှိရင်လည်း ထောက်ပံ့ပေးမယ်လို့ ပြောဆိုသွားတာတွေ့ရပါတယ်။

Leave a Reply

Your email address will not be published.