တာမွေ အခွန်လွတ်ဈေးအနီးရှိ တိုက် ၅ လွှာပေါ်ကနေ အမျိုးသားတစ်ဦး…see more

တာမွေ အခွန်လွတ်ဈေးအနီးရှိ တိုက် ၅ လွှာပေါ်ကနေ အမျိုးသားတစ်ဦး…see more
မဲခေါင်၊ နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်း၊ တာမွေမြို့နယ် အခွန်လွတ်ဈေး အနီး Tri Star hotel ရှေ့ရှိ တိုက် ၅ လွှာပေါ်ကနေ ဒဏ်ရာတွေရရှိထားတဲ့ အမျိုးသားတစ်ဦး တွန်းချခံရမှု ဖြစ်ပွားခဲ့ပါတယ်။
ယမန်နေ့ နိုဝင်ဘာ ၁၀ ရက် ည ၉ နာရီခွဲကျော်က တိုက်ပေါ်က အမျိုးသားတစ်ဦး ပြုတ်ကျခဲ့တဲ့အတွက် ပတ်ဝန်းကျင်က ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့ပေမယ့် ရဲတွေ ချက်ချင်းရောက်မလာဘူးလို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
“တိုက်ပေါ်က စလွယ်အိတ်လွယ် ပုဆိုးဝတ်ထားတဲ့ ယောကျ်ားတစ်ယောက် ပြုတ်ကျလာတာ။ မျက်နှာကလည်း ထိုးခံထားရပြီး လက်မှာလဲ ပြတ်ရှဒဏ်ရာ တွေ့တယ်။ ပြုတ်ကျတာ မဟုတ်ပဲ တိုက်ပေါ်က တွန်းချလိုက်တာလို့ ပြောတယ်” လို့ သူကပြောပါတယ်။
တိုက်ပေါ်က ပြုတ်ကျခဲ့မှု ဖြစ်ပြီးနောက် ရဲစခန်းကို ပတ်ဝန်းကျင်က ဖုန်းဆက် အကြောင်းကြားခဲ့ပေမယ့် ဧည့်စာရင်းစစ်နေတဲ့အတွက် မလာနိုင်သေးဘူးလို့ ပြန်လည်ပြောဆိုခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
၅ လွှာတိုက်ပေါ်က တွန်းချခဲ့သူကို ဖမ်းဆီးရမိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အမျိုးသားကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ကူညီကယ်ဆယ်ရေးအသင်းမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း အခုလို တွန်းချရတဲ့ အကြောင်းအရင်းကို မသိရသေးကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
ယခုအမှုနဲ့ပတ်သက်ပြီး တာမွေ ရဲစခန်းကို မေးမြန်းခဲ့ပေမယ့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ သတင်းနဲ့ပြန်ကြားရေးအဖွဲ့ကို သွားရောက်မေးမြန်းဖို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
MeKongNews