ကလေးငယ် တစ်ဦး ဆော့ကစားရင်း ချော်လဲလို့ မျက်လုံးထဲ အကင်တုတ် စို က်ဝင်မှု တစ်ခု ဖြစ်ပွား

ကလေးငယ် တစ်ဦး ဆော့ကစားရင်း ချော်လဲလို့ မျက်လုံးထဲ အကင်တုတ် စို က်ဝင်မှု တစ်ခု ဖြစ်ပွား
နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ် မူဆယ်ရှိ ကလေးငယ်တစ်ဦး ဆော့ကစားရင်း ချော်လဲလို့ မျက်လုံးထဲ အကင်တုတ် စိုက်ဝင်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း နှလုံးလှ ပရဟိတလူမှုကူညီရေး အသင်းမှသိရပါတယ်။
အဆိုပါ ဖြစ်စဉ်သည် နိုဝင်ဘာ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ကလေးအချင်းချင်း ဆော့ကစားရာမှ အကင်တုတ် မျက်စိထဲ စိုက်ဝင်မှုဖြစ်ခဲ့တာလို့ ပြောပါတယ်။
နှလုံးလှ ပရဟိတလူမှုကူညီရေးအသင်းက “မနေ့ကဖြစ်သည် ကလေးငယ်များအား ဂရု တစိုက်ကြည့်ရှုရန်လိုအပ်ပါသည်။အသင်းရုံးသို့ဖုန်းဆက်အကူအညီတောင်းခံလာ သော ကြောင့် အချိန်နှင့်တပြေးညီ မူဆယ်မှလားရှိုးသို့ပို့ဆောင်ပေးခဲ့ရပါတယ်။
အမြန်ဆုံးပြန် ကောင်းပါစေကလေးရေ ဘာမှမဖြစ်ပါစေနဲ့။အသားကင်ဒုတ်ထိုးမိတာကလေး အချင်း ချင်း ဆော့ကစားပြီးဖြစ်တာပါ” လို့ ပြောကြားထားပါတယ်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မိသားစုနဲ့ နီးစပ်သူ တစ်ဦးက “ထိုးမိတဲ့ ဘက်မျက်စိကတော့ကောင်းကောင့်ဖွင့်ပါပြီဘာမှမဖြစ်တဲ့ဖက်က မျက်စိဖွင့်မရလို့ ဒီမနက်ကဘဲ မန္တလေး မှာသွားပြီးဆက်ကုသရမှာပါ။
ခလေးကအရင်လိုပြန်ဆော့ပေမယ့် ဘာမှမဖြစ်တဲ့ဖက် ဖွင့်လို့မရဘူးဖြစ်နေတယ်” လို့ ပြောကြားထားပါတယ်။